စင်ကာပူနိုင်ငံသည် အပူပိုင်းဒေသဖြစ်တာကြောင့် ဒါလီမော်ဖူးခေါင်၏ outfit မှာ ရိုးရှင်းစွာပင်။
ပေါင်လယ်သာရှိသော လက်တစ်လုံးကိုယ်ကျပ်မိုးပြာရောင်ကလေးကို အပေါ်ထပ်ခဲရောင်ကလေးဖြင့်သာ။ ဆံပင်များကို နောက်တွင် ဖရိုဖရဲစုစည်းကာ လိုအပ်သည်များယူပြီး မနက်၇နာရီတွင် ကေသီနှင့်အတူ အိမ်မှထွက်ခွါသည်။
ပန်းသွေးကို အဝတ်အစားရွေးခိုင်းတာကြောင့် ဘာရွေးပေးရမှန်းမသိသဖြင့် ညကတည်းက အဆင်ပြေရာရွေးပေးမိခြင်းဖြစ်သည်။။ နောက်မှ သေချာလေ့လာရပါအုံးမည်။ ဒါလီ၏အလုပ်နှင့်ဘယ်လိုရာထူးမှန်းမသိနိုင်တာကြောင့် ဘယ်လိုဝတ်သားဆင်ယင်မှုက သူမနှင့်လိုက်ဖက်မလဲဆိုတာ ပန်းသွေး အချိန်ယူလေ့လာရပေအုံးမည်။ဒါလီမော်ဖူးခေါင်မှာ ဘာမှစောဒကမတက်သော သူဌေးမကလေးဖြစ်နိုင်သည်ဟုပန်းသွေး ယုံကြည်လိုက်၏။
ပန်းသွေးသိရသလောက် ဒါလီမော်ဖူးခေါင်တစ်ယောက် ညကလည်း တစ်နာရီအထိ သူမအခန်းမှ မီးဖွင့်ထားသည်ကိုသတိထားမိသည်။
စာကြည့်ခန်းတစ်ခု၌ ၁၂နာရီလောက်အထိ ကေသီနှင့်အတူအလုပ်များနေကြ၏။မနက်၆.၃၀မှာ ဒါလီနှင့် ကေသီနိုးကြပြီး ပန်းကတော့ ၆နာရီကတည်းကနိုးနေသည်။ ဘယ်အချိန်သွားကြမည်ကိုကြိုမပြောထားသောကြောင့် မနက်စာအဆင်သင့်ဖြစ်စေရန် အစောထကာ ပြင်ဆင်ပေးထားသည်။
"ကေသီတို့က မနက်စာစားလေ့စားထမရှိဘူး မပန်းရဲ့ ။ တစ်ခါတလေမှသာ ကော်ဖီလေးတစ်ခွက်လောက်နဲ့ပြီးချင်ပြီးတာ။ ဘာပဲဖြစ်ဖြစ် မနက်စာအတွက်ကျေးဇူးနော်"
ကေသီအောက်ဆင်းဆင်းလာချင်း ပြောသောစကားကြောင့် ဖွယ်ဖွယ်ရာရာမဟုတ်သော်လည်း ကြက်ဥ၊ပေါင်မုန့်နှင့် ကော်ဖီတို့ကိုမနက်စာအဖြစ်ရိုးရှင်းသွာပြင်ဆင်ထားသည်ကိုတော့ ကျေးဇူးတင်ဖော်ရသေးသည်။
ဒါလီဆင်းလာတော့လည်း မနက်စာကိုတစ်ချက်မျက်ခုံးတွန့်ကြည့်လျက် ပန်းသွေးကို ဝေ့ပတ်ကြည့်လိုက်သေးသည်။"ဘာမှစားမှာမဟုတ်လို့နောက်ဆို စောစောထစရာမလိုပါဘူး"
"ဘာမှမစားရင် ခေါင်လေးတို့ ဆာနေမှာပေါ့။လူဆိုတာ မနက်စာကို ဝဝလင်လင်စားရတယ်တဲ့ယနောက်မှ အမ သေချာလေးလုပ်ပေးမယ်။ခုတော့ ဖြစ်သလိုပဲ"
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ