ဒါလီမော်ဖူးခေါင်၏မျက်ဝန်းများက ရှေ့မှ လက်ပ်တော့စက်ခရင်ဆီ မမှိတ်မသုန်စိုက်ကြည့်နေ၏။
မျက်ခုံးများ တွန့်ချိုးနေလိုက်ပုံက အလိုမကျမှုကို ပေါ်လွင်စေသည်။
ဗီဒီယိုတစ်ခုထဲမှ အနက်ရောင်ခြုံထည်ဖြင့် အမျိုးသမီးတစ်ယောက်၏ ကျောပြင်တစ်ခုသာဖြစ်သော်လည်း ဒါလီအတိအကျမှတ်မိစပြုလာသည်။ဘယ်သူပါလိမ့်။
ရေးတေးတေးမှတ်မိသော်လည်း ပုံဖော်ရခတ်နေပြန်သည်။
လူတစ်ယောက်ကို ရက်ရက်စက်စက်လည်လှီးသတ်နေပုံက ကလေးတစ်ယောက် lego အရုပ်လေးများကိုဖြုတ်လိုက်တပ်လိုက်ဖြင့် ကစားနေသလို။
ရက်စက်ကြမ်းကြုတ်စွာဖြင့် ။
ထိုအမျိုးသမီးသည် သူမ၏ ကြမ်းတမ်းသော ရက်စက်သော လုပ်ရက်များကို မျက်နှာမပါပဲ ဒါလီမော်ဖူးခေါင်ထံ ဘာကြောင့်ပို့လာခဲ့သည်ကို နားမလည်နိုင်။"တောက်!" ခေါက်သံက သူမနှုတ်ဖျားမှ ကျယ်လောင်စွာပေါ်ထွက်လာသည်။
"ဘာလို့ ဒီနေ့မှ စောက်ချိုးမပြေတာတွေချည်းဖြစ်နေရတာလဲ"
လက်နှစ်ဖက်အား ဆိုဖာနောက်မှီပေါ်ဖြန့်တင်လျက် ခေါင်းကို နောက်ပြန်လှန်မှီချလိုက်ပြီး မျက်ဝန်းများကို မှေးစဥ်းချထားလိုက်၏။
အာရုံထဲ ပန်းသွေးနီနီကထင်ရှားစွာပေါ်လာသည်။
ပြုံးလျက်ကပင် သူ့သူငယ်ချင်းဆိုသူ၏လက်ကိုကိုင်လျက်၊ တခြားအမျိုးသားတစ်ယောက်နဲ့ ပြဿနာတက်နေပုံက ဒါလီ၏စိတ်ကို လှုပ်နှိုးစေ၏။
အဲ့အမျိုးသား၏ချစ်သူဆိုသလို ပန်းသွေးနီနီက ဂွင်ဖမ်းခဲ့တာလား။
ချမ်းသာတဲ့သူတိုင်းကို ဒီလိုဝင်ရောနေကျလား။ဆေးရုံသွားမယ်ဆိုပြီး ဒါလီကိုမလိမ့်တစ်ပတ်လုပ်ပြီး သူငယ်ချင်းနဲ့ လျှောက်လည်နေသည့်ပန်းသွေးကို ဒါလီနားမလည်နိုင်။
ဘာကြောင့်လိမ်ခဲ့ရတာလဲ။
ဘာလို့ မလိမ့်တစ်ပတ်လုပ်ရတာလဲ။သူတို့ကိုပြန်ပို့ပေးဖို့ကေသီကိုပြောလိုက်ပြီးနောက် ရှိုးပွဲထဲဆက်ရှိနေချင်သော်လည်း စိတ်ကမပါတော့။
ပိုဆိုးသည်က ဖုန်းထဲ ရောက်လာသည့် email တစ်ခုကြောင့်ပင်။
ဗီဒီယိုကလစ်တစ်ခုသာ။
ရှိုးပွဲထဲ သူမ ဗီဒီယိုကို ကြည့်ခဲ့ပြီး ဦးမိုးသူရထက်အား ပြမိသည်။
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ