Episode 1 (Unicode )

1.5K 139 2
                                    

မနက်စောစော ဈေးထဲသွားကာ အိပ်ယာထဲလဲနေသည့်အမေ့အတွက် အားရှိစေမယ့် အသားငါးလေးတွေဝယ်နေခဲ့သည်။ အမေ့အတွင်တင်မဟုတ်ပဲ မောင်လေးအတွက်ရောပါသည်။
အနီရောင်ဆွဲခြင်းကလေးဆွဲလို့ အနီဖျော့ဖျော့သာရှိသော ပိုက်ဆံအိတ်လေးကိုချိုင်းကြားထဲညှပ်ကာ ရက်ကွက်ဈေးကလေးထဲ တောင်လျှောက်လိုက်မြောက်လျှောက်လိုက်နှင့်။

"ဘာဝယ်စရာကျန်နေသေးပါလိမ့်။ တစ်မျိုးတော့လိုနေသေးတာ အဟုတ်ပဲ ဘာပါလိမ့် စဥ်းစားစမ်း စဥ်းစားစမ်း"

နားထင်လေးကိုလက်ညှိုးနဲ့ ထောက်ကာ သူ့ကိုယ်သူအမိန့်ပြန်ပေးနေပြန်သည်။
အသားငါးတော့သုံးလေးရက်စာဝယ်ထားတက်ပြီး အသီးအရွက်ကိုတော့ တစ်နေ့စာတစ်နေ့ပဲဝယ်ဖြစ်သည်။
နေမကောင်းသောအမေအတွက် လတ်လတ်ဆက်ဆက်သာကျွေးချင်သောကြောင့်ပင်။
အမေက သွေးလည်းတက်တက်တာကြောင့်သွေးဆောင့်တက်စေမယ့်အစားအစာလည်းမဖြစ်ရ အဟာရလည်းရှိမယ့်အရာတွေကိုသာ ရွေးဝယ်ရသည်။
တစ်ခါတလေဆိုအမေ့အတွက်ချက်ပေးတဲ့အစားအစာတွေကို မောင်လေးက မစားချင်။
အရသာမရှိဟုဆိုသေး၏။

"မမကလည်းဗျာ လူမမာစာက လူမကိုပဲကျွေးပြီးလူကောင်းကလူကောင်းနဲ့တူအောင်ကျွေးလေဗျာ။
ကျွန်တော်က ဟင်းကောင်းကောင်း အသားငါးကိုပြောတာမဟုတ်ဘူး။ ဘဲဥပဲဖြစ်နေပါစေ အရသာရှိရှိလေးစားချင်တာဗျ။ ခုတော့ ဆားမပါဘာမပါချည်းစားနေရတယ်  အဲ့တာနဲ့ပဲ အားပျက်ပြီး စာမကျက်နိုင်လို့ စာမေးပွဲကျမှ ကျွန်တော့်ကိုအပြစ်မတင်နဲ့"

မောင်လေးက သူမအနားကပ်ကာ အမေမကြားအောင် ထိုသို့ တီးတိုးပြောလေ့ရှိသည်။
ဟုတ်တော့လည်းဟုတ်သည်။
ပန်းသွေးက အလုပ်တစ်ဖက်နဲ့မို့ ဟင်းအမယ်အများကြီးမချက်နိုင်တာနဲ့ ဒီရက်ပိုင်း အမေ့အတွက်ချက်ပေးရင်းနဲ့ သူတို့မောင်နှမနှစ်ယောက်အတွက်ပါရောချက်ဖြစ်ခဲ့သည်။

"အေးပါမောင်လေးရယ် မမကအချိန်မရလို့ပါ။ ဒီတစ်ခါ ပိတ်ရက်ကျရင် မမမောင်လေးအတွက် အရသာရှိရှိချက်ပေးပါ့မယ်။ဟုတ်ပြီလား။ အခုတော့သည်းခံနော်"

မောင်လေးက ချေးများတာတော့မဟုတ်ပေမယ့် အဟာရကိုတောင့်တလို့ကောင်းတဲ့အရွယ်အစားအသောက် အများကြီးစားနိုင်တဲ့ အရွယ်မို့ ဟင်းကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ ဟင်းခတ်ပစ္စည်းအစုံအလင်နဲ့ စားချင်ရှာမည်ဆိုတာကို သူမလည်းနားလည်နိုင်ပါသည်။

ပန်းနီနီ, မော်ဖူးစေWhere stories live. Discover now