"အမကိုယ်ဟန်ပြနေတာကို ဓာတ်ပုံတဖြတ်ဖြတ်ရိုက်ယူသွားတဲ့တစ်ယောက်""တစ်ပုံထဲယူသွားတာပါ"
"ဘာ!"
"လန့်လိုက်တာ ခေါင်လေးကလည်း "
"ကိုယ့်အနားမှာ ရှိနေစဥ်ဘယ်သူနဲ့မှ မပတ်သတ်ရဘူးလို့အမ လက်မှတ်ထိုးထားတယ်လေ"
ပန်းသွေးမျက်ဝန်းတွေ လတ်ခနဲ ခေါင်လေးဆီရောက်သွားသည်။
ခေါင်လေးနဲ့နှစ်ဦးသဘောတူ ပြန်ပြေလည်ကြပြီးတဲ့နောက် စာချုပ်စာတမ်းတွေ မလိုအပ်တော့ဘူးထင်ခဲ့တာ။ နောက်ပြီး ဒီကိစ္စကရော ဘာတွေဘယ်လောက် ပြဿနာကြီးသွားနိုင်လို့တဲ့လဲ။"အမထင်တာ အမထင်ခဲ့တာက ခေါင်လေးနဲ့အမကြားမှာ အဲ့ဒီ့စာရွက်ထဲကအကြောင်းအရာတွေ မလိုအပ်တော့ဘူးလို့ ..အဟင်း။ ဟုတ်တာပေါ့ အမမေ့သွားခဲ့တာ။ ခေါင်လေးက ဒီနှစ်နှစ်အတွင်း အမရဲ့ သူဌေးမပဲဟာ။ ကောင်းပါပြီ အခုကစပြီး အဲ့စာချုပ်တွေထဲကအတိုင်း အမပြန်နေပေးမယ်"
မျက်ရည်တို့ဝဲလျက် အသံများတုန်နေသည့် ပန်းသွေးက ကားပေါ်တတ်ထိုင်လိုက်သည်။
ကားခေါင်းရှ့ငူငူကြီးရပ်ကျန်ခဲ့သော ဒါလီမော်ဖူးခေါင်က မြေပြင်ပေါ်မှ အေးချမ်းမေဖြစ်သွားသည့် လက်ကိုင်ဖုန်းကလေးကို တစ်ချက် ငဲ့ကြည့်ရင်း ကားပေါ် တတ်ကာ အသံတိတ်မောင်းနှင်ခဲ့တော့၏။
ဘေးချင်းယှဉ်ထိုင်လျက် ဒါလီမော်ဖူးခေါင်မှာ ကားရှေ့ကိုသာအာရုံစိုက်မောင်းနေပြီး ပန်းသွေးမှာ ကားပြတင်းမှ မှန်အပြင်ဘက်ကိုငေးနေသည်။
တစ်ချက်တစ်ချက် တုန်တတ်သွားသော ပုခုံးလေးကြောင့် တိတ်တိတ်ခိုးငိုနေပြီဆိုတာ သတိထားမိလိုက်သည်။
တောင်းပန်ချင်ပေမယ့် ရှိပါစေတော့။"ဒယ်ဒီ ဒီညတော့ ဒယ်ဒီ့ဘာသာပဲစားလိုက်တော့နော်။ မနက်ဖြန်မှ ဒယ်ဒီ့ဆီလာခဲ့မယ် "
"...."
"ဘာမှမဖြစ်ပါဘူး ကားလျှောက်စီးပြီး ပင်ပန်းနေလို့ အဲ့အထိလာရင်ပိုပန်းသွားမှာစိုးလို့ အိမ်ပဲပြန်နားခိုင်းလိုက်တော့မယ်"
"..."
"ဒယ်ဒီ့ဆီမှာမနေချင်လို့ပေါ့"
".."
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ