ရုံးတွေပြန်ဖွင့်တော့ ဒါလီက ပန်းသွေးပျင်းနေမှာစိုးတာနဲ့ ကုမ္ပဏီကိုခေါ်သွားခဲ့သည်။ သူတို့ဝင်လာတာကိုမြင်သော ဝန်ထမ်းများက တစ်စုံတစ်ခု ကို စိတ်ဝင်စားနေရာမှ ထရပ်ကာ နှုတ်ခွန်းဆက်ကြ၏။
"မင်္ဂလာပါ မမ "
ဒါလီက သူတို့ကို ကြည့်ကာ အသိအမှတ်ပြုသောသဘောဖြင်ြခေါင်းသာတစ်ချကိဆက်ပြလိုက်သည်။
ဝန်ထမ်းတွေကို ဖြတ်ကျော်လာနေရင်းမှ လွတ်နေသည့်နေရာကို မြင်တော့ ဒါလီမျက်မှောင်ကုတ်၏။"ဒါကဘယ်သူ့နေရာလဲ ဘာလို့သူကရှိမနေရတာလဲ"
"အာ အဲ့တာ ထွန်းတောက်နေရာပါမမ။ သူက ..ဟော ဟိုမှာလာပြီ"
ဆံပင်က်ု အလယ်ခွဲကာ ကိုထွန်းတောက်ဆိုသည့်သာက အသက်နှစ်ဆယ်ကျော်ဝန်းကျင် ခန့်ရှိမည်ထင်သည်။ လူငယ်အရွယ်ဖြစ်ျသာ်လညါး ရုပ်ရည်က သိပ်ချောမောတာမျိုးမဟုတ်သော်လည်း တည်ကြည်ကာ ခန့်ညားခြင်းအသွင်ရှိသည်။ နှုတ်ခမ်းတို့က အစဥ်လေးနက်နေသယောင် တင်းတင်းစေ့ထားသည်။
သို့သော် သူ၏ သွက်လက်သော ဟန်ပန်လေးကလည်း ပျောက်မသွား။"အာ ဘော့စ်ရောက်လာပြီပဲ မင်္ဂလာပါ ခင်မျ"
သူနဲ့ရွယ်တူဖြစ်နေစေကာမူ ဒါလီ့ကိုလေးစားသောသူအား ဒါလီခေါင်းညိတ်ပြရုံသာ။
"စောစောစီးစီး ရှင်ကဘယ်ရောက်နေတာလဲ နေရာမှာမရှိပဲ"
"အရင်တစ်ပတ်က လပတ်စာရင်းရယ် နှစ်ချုပ်စာရင်းတွေကို မပြရသေးလို့ ပိတ်ရက်မှာ သေချာပြန်စစ်ခဲ့ပြီး ဒီမနက် ဘောစ့်ရုံးခန်းကိုသွားထားနေတာပါ"
ခန့်ညားသောလေသံဖြင့် လေးလေးနက်နက်ရှင်းပြသော ထွန်းကောက်က ဒါလီ့ဘေးက ပန်းသွေးကိုမြင်တော့ မျက်လုံးများက တစ်ခုခု အံ့အားသင့်သွားသည်။
"သြော် အဲ့ဒီလိုကိုး။ကောင်းပါပြီ သေချာစစ်ထားတယ်မဟုတ်လား ကျေးဇူးတင်ပါတယ်-
ဒါလီက သူတို့ကို ကျောခိုင်းခဲ့ပြီးတော့ သူ့ရုံးခန်းရှိရာလျှောက်သွား၏၊။
"စောစောကလူက ခေါင်လေးနဲ့ရွယ်တူလောက်ပဲထင်တယ်နော်။ ခေါင်လေးရဲ့ကိုကိုက သူ့ရုံးမှာ ရုပ်ရည်သန့်ပြန့်တဲ့သူတွေချည်းရွေးခန့်ထားတာလားပဲ အားလုံးက သန့်သန့်လေးတွေချည်းပဲ။ စောစောကမောင်လေးဆို တော်တော်ကြည့်ကောင်းသားပဲ ဆံပင်အလယ်ခွဲလေးနဲ့ သူ့မျက်နှာပေါက်က တကယ့်ကို ခန့်ခန့်ညားညား.."
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ