ကေသီတစ်ယောက် ကွန်ပျူတာကို အာရုံစိုက်ကြည့်နေသည်။
မကြာမီ "ဟယ်လို မင်္ဂလာညနေခင်းပါ ဒုဂိုဏ်းချုပ် နန်းကေသီ" ဆိုသည့်အသံနှင့်အတူ အမျိုးသမီး တစ်ဦးကို ကွန်ပျူတာ ဖန်သားပြင်မှတွေ့ရလေသည်။"မင်္ဂလာညနေခင်းပါ Madam Mabel Sandra"
"Well! သတင်းကောင်းယူလာမယ်လို့ မျှော်လင့်ပါတယ်"
နန်းကေသီ၏နှုတ်ခမ်းများ အနည်းငယ်တွန့်ကွေးသွား၏။
မေဘယ်လ်ဆန်ဒရာဆိုသည့်အမျိုးသမီးဟာ ခေသူမှမဟုတ်ပဲ။ အနီရောင် dressနဲ့ ပုလင်ပေါ်တက်ထိုင်နေသောဘုရင်မတစ်ပါးလို လက်ထဲမှာ မနီရောင်ဝိုင်ခွက်နဲ့။ ရဲနေသည့်နှုတ်ခမ်းများက အပြုံးအရယ်မရှိ။
အေးစက်နေ၏။"သိပ်ဟုတ်တာပေါ့ မဒမ်မေဘယ်လ်ဆန်ဒရာ"
"အိုးဟိုး ခုမှသိတဲ့သူတွေမှမဟုတ်တော့ပဲ။ ဆန်ဒရာလို့ပဲခေါ်ပါ"
"ကောင်းပါပြီ ဆန်ဒရာ။ ကျွန်မကိုလည်း ကေသီလို့ပဲခေါ်နိုင်ပါတယ်"
"သိပ်ဟုတ်တာပေါ့"
ဆန်ဒရာက ဝိုက်ခွက်ကို မြှောက်ပြ၏။
ကေသီခေါင်းဆက်ပြလိုက်သည်၊"ရှင်ပြောထားတဲ့ သူ အဲ့ဒီ့လူရဲ့အဆုံးသတ်ကို ရှင့်ကိုပေးနိုင်ပါပြီ"
"အို ဒါ ကောင်းတဲ့သတင်းပဲ။ နှစ်သစ်ကူးညအထိ မစောင့်နိုင်တော့ဘူး။ စကားမစပ် သူ့ကိုသိပ်ဆိုးဆိုးဝါးမလုပ်ထားပါဘူးနော်"
"လက်တစ်ဖက်က လက်သည်းတွေမရှိတော့တာကလွဲရင် ကျန်တာ အလတ်ကြီးရှိပါသေးတယ်။ နာကျင်မှု ကို ကောင်းကောင်းခံစားဖို့ လုံလောက်တဲ့ အင်အားတွေ သူ့မှာရှိနေပါသေးတယ်"
"သိပ်ကောင်းတာပဲ။အဲ့တာကြောင့် NKT HILL ဂိုဏ်းကိုသဘောကျတာ။ သြော် အဲ့ဒီ့ညကျရင် သူ့ကို အဲ့ဒီ့ဝေဒနာပေးရမယ့်သူက ကေသီဖြစ်ပေးလို့ရမလား။ တို့ ကေသီ့လက်စွမ်းကို DWမှာ တစ်ခါမြင်ဖူးပြီးကတည်းကသိပ်စွဲနေတာ"
နန်းကေသီ တစ်ချက်စဥ်းစားလိုက်ပြီး ချက်ချင်းအဖြေပြန်၏။
"ကောင်းပါပြီ။ ရှင့်အတွက် ကျွန်မ အဆင်သင့်ဖြစ်နေမှာပါ"
"ဟုတ်ပြီ။သဘောကျတယ်။ ဒါဆို တို့ဘက်က အလှည့်ပေါ့ ပြောကြည့် ဘယ်လောက်လိုချင်လဲ"
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ