"ခွေးသား"နန်းကေသီအော်ဆဲတာကို ဦးလက်ရုံးဆိုသူက သဘောတကျကျဖြစ်နေသည်။
"ဒီပိစိလေးက စတွေ့ထဲကဆဲနေတော့တာပဲ ဟင်"
"ဘာပိစိလေးလဲ။ လူသေးပေမယ့်ဇမသေးတာကိုသိချင်ရင်တစ်ပွဲလောက်နွှဲကြမလား။ ကျွန်မတို့လူတွေကိုလွှတ်ပေး"
"ဟား..မနွှဲရပါဘူးကွာ မင်းလေးတို့လက်ချက်နဲ့ကိုယ့်လူတွေ ဘယ်လောက်ခံလိုက်ရလဲကြည့်ရုံနဲ့ အစွမ်းအစကို မှန်းဆလို့ရတယ်"
"ရှင်ကဘာကိုလိုချင်တာလဲ"
ဒါလီမော်ဖူးခေါင် က ကေသီ့ကို ဘာမှမလှုပ်ရှားဖို့အချက်ပြပြီးတော့ ထိုလူကိုမေးလိုက်၏။
"မင်းလေးတို့ကိုတွေ့ချင်ရုံပါ။
ဦးမှာ အရင်က သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်။ စိတ်ဝမ်းကွဲပြီး သူက ဒေါသအရမ်းထွက်ပြီးအဝေးကြီးကိုထွက်သွားခဲ့တယ်။
သူက အပေါင်းအသင်းဆံ့ပြီး ခေါင်းဆောင်ပီသသလို လူတိုင်းရဲ့ လေးစားမှုကိုလည်းရယူထားသူပေါ့။ ဦးက ထစ်ခနဲဆိုလက်ပါတတ်လို့ခဏခဏပြဿနာတတ်တိုင်းသူက ဝင်ဖြေရှင်းပေးခဲ့တာချည်းပဲ။ တစ်နေ့မှာ ပြဿနာအကြီးကြီးကို ဦးကကျူးလွန်ခဲ့တယ်။ ဦးသူငယ်ချင်းကတောင်ခွင့်မလွှတ်နိုင်မယ့် ကိစ္စကြီးပေါ့။ သူ့မှာချစ်ရတဲ့မိန်းကလေးတစ်ယောက်ရှိတယ်။ ပန်းပွင့်ကလေးလိုအရမ်းလှတာလေ။ အဲ့အမျိုးသမီးကို ဦးတို့ဆရာရဲ့သားဖြစ်သူက ယုတ်မာပြီး အဓ္ဓမကျင့်သိမ်းပိုက်ဖို့ကြိုးစားတုန်း ဦးက ရောက်သွားပြီး ဆရာ့သားကို သတ်ပစ်ခဲ့တယ်။ဆရာ့သားက ဦးနဲ့ ဟိုးကတည်းက ရန်ဖြစ်ဘက်တွေဆိုတော့ ဒီလိုပဲရန်ဖြစ်ရင်း လက်လွန်သွားတယ်လို့အားလုံးကယူဆထားကြတယ်။
အဲ့အမျိုးသမီးရဲ့အကြောင်းကိုတော့ဖုံးကွယ်ထားပေးခဲ့တာပေါ့"ဦးလက်ရုံးက လက်ကိုပိုက်ပြီး အသက်ပြင်းအရှည်ကြီးကိုချလိုက်သည်။
သူ့ဘေးကလူတွေဟာ ဒဏ်ရာအတွက်ဆေးထည့်ဖို့ လုပ်နေကြပြီး ဘယ်သူမှ သူတို့စကားဝိုင်းကိုအနှောက်အယှက်လာမလုပ်ကြ။"ပြီးတော့ အဲ့အမျိုးသမီးလေးက သူ့ရဲ့မစင်ကြယ်တဲ့ဘဝကြီးက ဦးသူငယ်ချင်းလို ရိုးသားဖြောင့်မှန်တဲ့သူနဲ့ မအပ်စက်ဘူးဆိုပြီး သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်မှာကိုဦး ရိပ်မိခဲ့တော့ သူ့ကိုအရိက်တကြည့်ကြည့်စောင့်ရှောက်ပေးခဲ့ရတယ်။
နောက် သူ့မှာကိုယ်ဝန်ရသွားတော့ဦးကဘက်ထပ်ယူလိုက်တယ်။
ဘာဆက်ဖြစ်ကြမလဲ နားလည်ကြတယ်မဟုတ်လား။ ဦးရဲ့အချစ်ဆုံးသူငယ်ချင်းကရဦးနဲ့ဦးရဲ့ဇနီး၊သူ့ရည်းစားဟောင်းကိုမုန်းပြီး ထွက်သွားခဲ့တယ်။ငဒါပေမဲ့
ဦးက သူ့အကြောင်းတွေကိုအမြဲစုံစမ်းနေခဲ့တယ်လေ။သူ့မှာ တူမလေးတစ်ယောက်ရှိကြောင်းရယ် ကိုယ်ခံပညာ ကျောင်းတစ်ခု ဖွင့်ထားကြောင်းရယ် သတင်းရခဲ့တယ်။
အကောင်းဆုံးသတင်းကတော့ သူ့မှာ အတော်ဆုံးနဲ့အထက်မြက်ဆုံး တပည့်သုံးယောက်ပေါ်ပေါက်လာတယ်တဲ့"
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ