Episode 37(U+Z)

547 52 2
                                    


  ငရဲအိမ်တော်ဆီကို သွားနေတဲ့ တစ်လမ်းလုံး စိတ်တွေက အရပ်ရပ်ဆီမှာ ပြန့်ကျဲနေသည်။
ဘယ်သူလဲ၊ဘာကြောင့်လဲ။ဘာရန်ညှိုးရှိလို့အဲ့ဒီ့လိုလုပ်ရတာလဲဆိုတဲ့ တောင်စဥ်ရေမရ မွေးခွန်းတွေကိုတန်းစီပြီး ပြိုင်ဘက်တွေအားလုံးကို စီရီစဥ်းစားကြည့်တော့ ဒါလီမော်ဖူးခေါင်၏ ရန်သူတော်များအားလုံးက ထိုသို့ ယုတ်ညံ့ပြီး လူလုံးထွက်မပြရဲလောက်အောင် သတ္တိကြောင်ကြသူများမဟုတ်။ ပြိုင်ဘက်မကလို့ ရန်သူဆိုစေအုံးတော့ ရင်ဆိုင်ရတော့မည်ဆိုရင် မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့ဆုံကြသူများသာဖြစ်ကြသည်။

"ဘယ်လိုတောင် သတ္တိကြောင်တဲ့လူမို့လို့ ငါ့လူတွေကို ထိပါးရဲရတာလဲ။ ထပ်တိုက်ရင်ဆိုင်ဖို့ သွေးမရှိလို့ နောက်ကွယ်ကနေ ခွေးလိုကလိမ်ကကျစ်ကျရဲရတာလဲ"

ခပ်ပျင်းပျင်းတောက်ခေါက်လိုက်ပြီး ကားစတီယာရင်ကို လက်သီးဖြင့် ထုချလိုက်ချိန် ဖုန်းမည်သံကြောင့် အာရုံက ဖုန်းမှန်သားပြင်ဆီရောက်သွား၏။

"အစ်မ"

Contact ပေါ်က နာမ်စားလေးတစ်ခုကြောင့် ကားကို လမ်းဘေးဆွဲချလိုက်ပြီး စိတ်ကိုငြိမ်စေရန် အသက်ကိုပြင်းပြင်းနှစ်ချက်လောက်ရှုပြီးမှ ဖုန်းကိုကိုင်သည်။

"အ.."

"ခေါင်လေး ..အစ်မကိုကယ်ပါအုံး"

သူ့အသံမဆုံးခင် တစ်ဖက်က ကူကယ်ရာမဲ့သော လေသံနဲ့အတူ ပန်းသွေး၏ ထိပ်လန့်တကြားအသံကို ကြားရသည်။
ခုချိန်လောက်ဆို သွေးရောင်ပျောက်နေတာကို သတိထားမိလောက်ရောပေါ့။

"အစ်မ ဘာဖြစ်လို့လဲ ဘာဖြစ်တာလဲ စိတ်အေးအေးထားပြီးပြောပြနော်"

ပြဿနာတို့ကိုမသိချင်ယောင်ဆောင်လိုက်ရင်း လေသံကိုထိန်းကာပြန်မေးမိသည်။

"မောင်လေးလေ မောင်လေး သွေးရောင် ပျောက်နေလို့။ မေမေပြောတာတော့ ကေသီနဲ့ လမ်းလျှောက်ဖို့ဆိုပြီးထွက်သွားတာတဲ့ပြန်မလာလို့ဖုန်းဆက်ကြည့်တော့ မကိုင်ဘူး။
ခုထိ ဘာအဆက်အသွယ်မှမရတော့လို့ ခေါင်လေး ကေသီ့ကိုမေးကြည့်ပေးပါအုံး မောင်လေးဘယ်မှာလဲလို့။အစ်မတို့စိတ်ပးနေကြတယ်လို့နော်။ အစ်မ ကေသီ့ဆီဖုန်းခေါ်တော့လည်း မကိုင်ဘူး။ အစ်မစိတ်ထဲလည်းလေးနေတယ်"

ပန်းနီနီ, မော်ဖူးစေWhere stories live. Discover now