အခန်းတစ်ခုထဲဝင်လိုက်သည်နှင့် ကူညီပါရစေ ဟူသည့်စာတန်းကလေးကိုရှေးဦးစွာမြင်ကြရမည်ဖြစ်သည်။
အရာရှိကြီးများ အလုပ်ရှုပ်နေကြ၏။ ပြတ်သားသည့်ဖိနပ်သံထွက်ပေါ်နေသည်။ သက်ဆိုင်ရာယူနီဖောင်းနှင့် ရာထူးတစ်ခုရထားပြီဖြစ်သော အရာရှိတစ်ယောက်လျှင်မြန်စွာ လျှောက်လာနေသည်။
စားပွဲတွင်ထိုင်နေသည့်စခန်းမှူးရှေ့ရောက်တော့ အလေးပြု၏။"လေးစားပါတယ် ထိုင်ပါ"
ခုံတွင်ဝင်ထိုင်လိုက်သည်။ စခန်းမှူးက ခေါင်းညိတ်ပြ၏။
နောက်ကျောကကြည့်လျှင်ပင် ကျယ်သောကျောပြင်ကြီးနှင့် ဖြောင့်တန်းသော ပုခုံးကျယ်ကြီးတို့က တည်ကြည်ခန့်ညားနေသည်။"အခုတလော လူကုန်ကူးမှုတွေ ဆက်တိုက်ဖြစ်နေတယ်။ ထူးဆန်းတာက သူတို့အဖွဲ့က NKT Groupကဆိုတဲ့ သဲလွန်စတွေအမြဲချန်ထားခဲ့တတ်တာပဲ။ တလောက ဖမ်းဆီးရမိတဲ့တရားခံတစ်ယောက်ဆို NKT GROUPကပါလို့ ဝန်ခံခဲ့တယ်။ အဲ့အဖွဲ့ကို ဆက်တိုက်ရဖွေနေတာ ဘာမှမထူးဘူးဖြစ်နေတယ်
အဲ့တာ မောင်ဂုဏ်ရောင်ကို တာဝန်ပေးချင်တယ်"
"ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် တကယ့်တရားခံကို ပေါ်အောင် အမြန်ဆုံး ကြိုးစားသွားမှာပါ။ ဒါပေမဲ့ ကျွန်တော်နားမလည်ဖြစ်နေတာက ဘယ်သူခိုးမှသူတို့ခိုးပါတယ်လို့ ဝန်မခံကြသလိုသဲလွန်စတွေဘာတွေပါမကျန်အောင် အပြတ်ရှင်းတတ်ကြတာ ရာဇဝတ်သားတွေရဲ့လုပ်ရပ်ပါ။ ဒါပေမဲ့ အဲ့ဒီ့အဖွဲ့က သက်သက်ကြီးကို သဲလွန်စတွေချန်ခဲ့ ၊ အဖွဲ့နာမည်ပါပြောနေတာဆိုတော့ နည်းနည်းများလွဲနေသလားလို့။ ဒါမှမဟုတ် သူတို့ကိုယ်သူတို့အထင်ကြီးလွန်းပြီး ဘယ်သူမှမဖမ်းနိုင်ကြဘူးလို့များထင်နေကြတာပဲဘားမသိဘူး"
စခန်းမှုးက ခေါင်းရှုပ်စွာပြုံးလျက် ပုခုံးတွန့်ပြသည်။
"အေးကွာ။ အဲ့တာပဲ ဆရာတို့လည်း ခေါင်းစားနေတာ။ ဒါကို အခု မောင်ဂုဏ်ရောင့်လက်ထဲအပ်ပေးရတော့မှာပဲ"
"ဟုတ်ကဲ့ပါ တာဝန်ကျေစေရပါမယ်"
သူက ထရပ်လိုက်ကာ အလေးပြုတော့
"လေးစားပါတယ်"
စခန်းမှူး၏ စကားအဆုံးမှာ အခန်းထဲကလှည့်ထွက်လာခဲ့၏။
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ