မျက်လုံးနှစ်လုံးပွင့်ပြီဆိုတာနဲ့ ပြတင်းကနေ လာတဲ့ နေရဲ့အလင်းရောင်ကိုဦးစွာမြင်ရသည်။
လက်တစ်ဖက်က ဘေးက လူရဲ့ ရင်ဘက်ပေါ်မှာ ကျကျနနနေရာယူလို့။ တစ်ယောက်ထဲမဟုတ်သည့် အသက်ရှုသံတစ်ခုကိုကြားနေရသည်။အစ်မ။
မျက်တောင်ကော့တွေက မှေးစင်းနေကာ အိပ်မောကျနေသည့်အစ်မ။
စောင်ခြုံထဲကနေ မျက်နှာလှလှလေးကို မော်ကြည့်နေမိသည်။
စောင်တစ်ထည်ဖြင့်အကာအကွယ်ယူထားသည့်တိုင် စောင်အောက်ထဲမှာ သူတို့နှစ်ယောက်စလုံး၏ ဝတ်လစ်စားလစ်ကိုယ်ခန္ဓာနှစ်ခုကိုတော့ သူတို့နှစ်ယောက်မှအပ ဘယ်သူမှ မြင်နိုင်ကြမည်မထင်။ မမြင်အောင်လို့လည်း ဒါလီမော်ဖူးခေါင် က အစွမ်းကုန် ကာကွယ်ဖို့ကြိုးစားရပါလိမ့်မည်။
အစ်မ၏အရာရာကို ကကြီးမှအအဆုံး အစ်မအမေဖြစ်သူ ဒေါ်ပန်းနွယ်မှအပ ဒါလီမော်ဖူးခေါင်တစ်ယောက်ထဲကလွဲ၍ ဘယ်သူမှ မသိစေရမမြင်စေရယမကြင်စေရ။
ငေးလို့သာ သွားရည်တမြမြဖြစ်နေကြပါစေ။
ကိုယ် ပိုင်သော ပန်းကလေး ကိုယ် ဦးထိပ်ထားသည့်ပန်းလေး ကိုယ်ကလွဲရင် ဘယ်သူမှ တက်မက်ခွင့်မရှိစေရ ဟု ရင်ထဲမှ ကြွေးကြော်နေမိသည်။အခုတော့ အဲ့ဒီ့ပန်းကလေးက ဒါလီ့အပိုင်ဖြစ်သွားပြီ။ အရာရာ ပေါင်းစည်းသွားကြပြီ။
သူ့ဘက်လှည့်အိပ်နေသည့် အစ်မခါးပေါ် လက်တွေ တိုးတင်လိုက်ရင်း အစ်မဘက်ကိုပိုတိုးကပ်ကာ ဖက်ထားလိုက်မိသည်။
အစ်မ၏ လက်မောင်းအိအိလေးပေါ် မသိမသာ ခေါင်းအုံးထား၏။ တစ်သက်နဲ့တစ်ကိုယ် အုံးခဲ့ဖူးသော ခေါင်းအုံးအမျိုးမျိုးထက် အစ်မလက်မောင်းက ပို၍ အိစက်မွေ့လျော်ကာ အိပ်မက်တွေပဲလှသေးတော့သည်။ဒါလီက ကေသီ့အကူအညီနဲ့ အမျိုးသမီးနှစ်ယောက်၏ ပတ်သက်ခြင်းကို လေ့လာထားသော်လည်း ပန်းသွေးက ဒါလီ့ထက်ပို၍ ကျွမ်းကျင်စွာ အသုံးချသွားခဲ့သည်။
"အစ်မက တကယ့်Pro"
ခေါင်းကိုမော့ကာ တစ်ချက်ပြုံးရင်း အစ်မ၏ မေးဖျားလေးကို နှုတ်ခမ်းဖြင့် ဖြတ်ခနဲ လှမ်းနမ်းပစ်လိုက်ကာ မျက်လုံးတွေကို တစ်ဖန် ပြန်လည်မှိတ်ကာ အချိန်တွေကို ကောင်းစွာအသုံးချ၏။
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ