နန်းကေသီနှင့် သွေးရောင်ရင့်ရင့်တို့အိမ်ပြန်ရောက်တော့
အိမ်ရှေ့တံခါးဝမှာတင် သင့်ပျံ့မွှေးကြိုင်သောဟင်းရနံ့ကိုရလိုက်သည်။"ဟာ.."
သွက်လက်တက်ကြွသည့်သွေးရောင်က အနံ့ကိုခံကာ ရွှင်မြူးလာသည်။
"မမရဲ့လက်ရာတွေကို မမကေသီမြည်းရတော့မယ်ထင်တယ်။ စွဲသွားမှာသိလား"
သူ့အမကို မြှောက်နေသည့် သွေးရောင်ကိုပြုံးကြည့်၍သာနေလိုက်သည်။
"ဟော သားငယ်ပြန်လာပြီ"
သွေးရောင်တို့အမေက တံခါးကို လာဖွင့်ပေးသည်။
သူတို့အိမ်ထဲဝင်လာတော့ ဖိနပ်ချွတ်ချွတ်ပြီးချင်း သွေးရောင်က သူ့အမေကို ဖက်ကာနမ်းရှုပ်၏။"အမေ့ကိုချစ်လိုက်တာ..အွန်း.."
အမေဖြစ်သူကိုတင်းနေအောင်ဆွဲဖက်ကာ ပါးချင်းအပ်၏။
ဤသည်မှာ သွေးရောင် ဘယ်ကပြန်လာပြန်လာ လုပ်နေကျ။
ကေသီကျောင်းမှစကြိုသည့်နေ့တုန်းက ထိုအဖြစ်အပျက်ကို ရယ်ချင်စဖွယ်ငေးကြည့်ဖူးသည်။
ပြုံးစိစိလုပ်တော့ သွေးရောင်က ရှက်ရယ်ရယ်ကာ အခန်းထဲလှစ်ခနဲပြေးဝင်သွားခဲ့သည်။ နောက်ပိုင်းမှ နေ့စဥ်ရက်ဆက်ဖြစ်လာတော့ နေသားကျသွားပုံပါပင်။"ကြီးကောင်ကြီးမားနဲ့ အမေ့ကိုသွားချွဲနေပြန်ပြီ"
"အာ မမကလည်းဗျာ"
လည်ပင်းကိုပွတ်ရင်း အခန်းထဲဝင်သွားပြန်သည်။
မပန်းကမီးဖိုခန်းထဲအလုပ်ရှုပ်နေပုံရသည်။
ပို၍အလုပ်ရှုပ်နေသူက ဒါလီမော်ဖူးခေါင်။အေပရွန်အရှည်ကြီးကို ဝတ်ထားပြီး အဖျားစက ကြမ်းပြင်ပေါ် အထိရှည်နေသည်။ မမဒါလီကမပန်းထက်ပုတာကြောင့်ဖြစ်ပါလိမ့်မည်။
ဟင်းမွှေသည့်သစ်သားယောက်မကို ကိုင်ကာ သန့်ရှင်းသည့် လက်နှီးစုတ်တစ်ခုကိုကိုင်လျက်သား ။
ဂတ်စ်နှင့်ချက်နေတာကြောင့်ကံကောင်းသည်ဟုဆိုရမည်။ ပုံစံက အိုးမည်းပေချင်စရာ။"မမဒါလီ..ဘာတွေလုပ်နေတာလဲ"
သူ့အိမ်မှာတော့ မီးဖိုခန်းဘက် အစားစားဖို့သာရောက်ဖူးသည့်ဒါလီကို ကေသီ ပြူးကြည့်နေသည်။
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ