ဒီဇင်ဘာ ၃၀ သောကြာနေ့ ၂၀၂၂။ဆောင်းရာသီသည် ဒီဇင်ဘာကုန်သည်အထိ ထင်သလောက် အေးမနေခဲ့သေး။
ကေသီ့ရင်ထဲမှာလည်း ပူနေသည်။
ပန်းသွေးကိုအိမ်ပြန်ပို့ပေးပြီးနောက်
ဝန်ထမ်းတွေအားလုံးကို အစောပြန်စေပြီး ည၇နာရီ တွင် ပြန်ဆုံရန်မှာ၏။နှစ်စဥ် ဒါလီမော်ဖူးခေါင် ၏ အကိုဖြစ်သူမှ ကုမ္ပဏီမှာပဲ ကျင်းပပေးလေ့ရှိကြောင်း ကေသီစုံစမ်းသိရှိခဲ့သည်။
ဤသိုဆိုင်တစ်ခုတွင် ခေါ်ကာ ညစာအတူစားခြင်းဖြင့် ဝန်ထမ်းနှင့် သူဌေး ဆက်ဆံရေးပါ ပို၍ အဆင်ပြေလာမည်ထင်သည်။ ဒါလီမော်ဖူးခေါင်သည် သူတို့အားလုံး၏ အသစ်စက်စက် သူဌေးဖြစ်တာကြောင့် လိုအပ်သည်ထက်အေးစက်မနေဖို့လိုပါသည်။"ကေသီလည်း ပြန်ရင်ပြန်တော့လေ။ ဟိုကောင်လေး ကြိုပေးရမယ်မလား"
"နေပါစေတော့မမ "
"ဟင် ဒီနေ့ အချိန်ရှိသားပဲ။ ဘာဖြစ်လို့လဲ စကားများထားကြတာလာ မနက်ထဲကမျက်နှာမကောင်းတာ ရိပ်မိတယ်"
ကေသီ၏ ယိုင်နဲ့သောအပြုံးမှာ စက္ကန့်ဝက်မျှမခံ။
ခေါင်းခါထုတ်ပစ်လိုက်ပြီး အသက်ပြင်းတစ်ချက်မှုတ်ထုတ်၏။"နှစ်သစ်ကူးမှာ အတူတူမရှိနိုင်လို့မလား"
ဒါလီထိုင်နေရာမှ ထလာပြီး နန်းကေသီရှိရာဆီ လျှောက်လာသည်။
ကေသီ့ပုခုံးကို နားလည်ခံစားပေးသော အမကြီးတစ်ယောက်၏ ယူယမှုမျိုးဖြင့် ဖွဖွထိကိုင်၏။"သူ့ဘက်ကကြည့်တော့လည်း ဟုတ်တာပဲလေ "
"မဟုတ်ဘူးမမ ။ သူ့အသက်မပြည့်မချင်း ကေသီသူနဲ့ ရိုးရိုးသားသားဖြူဖြူစင်စင်လေးပဲရှိနေချင်သေးတယ်။ သူ့အသက်က ခုမှနုနုလေးရှိသေးတာ ကေသီ့အတ္တတစ်ခုအတွက်နဲ့ သူ့ကိုရော သူ့နှလုံးသားကိုပါ မချည်နှောင်ပစ်ချင်ဘူး။ သူ့ကို လွတ်လပ်စေချင်သေးတယ်။ အဲ့ဒီ့ဘဝမှာ မြင့်နိုင်သမျှ မြင့်မြင့်အထိ လွတ်လွတ်လပ်လပ်နဲ့ ဘာနှောင်ဖွဲ့မှုမှမရှိပဲ ပျံနေတာကို ကြည့်ချင်သေးတယ် "
"ဒါပေမဲ့ ကေသီရယ်.. နှစ်သစ်ကူး ညဆိုတာ ဒီအတိုင်းလေးပဲ သူ့ မိသားစုတွေနဲ့အတူတူ ဖြတ်သန်းသွားလို့လည်းရတာပဲလေ "
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ