Episode 8(Unicode )

974 101 0
                                    


ဒါလီမော်ဖူးခေါင် အောက်ထပ်ရောက်သည်အထိ ပန်းသွေးဆင်းမလာခဲ့သေး။
ခါတိုင်းဆိုင် မနက်စာအဆင်သင့်လုပ်နေကြသူက ခုမှ တော်တော်နှင့်ဆင်းမလာနိုင်။
ဆေးရုံသွားမှာမို့ပြင်ဆင်နေပုံရသည်။
ထို့အပြင် ဘယ်အချိန်ဟုအတိအကျ ဒါလီမပြောထားမိတာကြောင့်ဧည့်ခန်းမှာသာထိုင်စောင့်နေလိုက်၏။

အင်း...မနက်တိုင်း မနက်စာကိုအမထထလုပ်နေရတာ အဆင်မပြေလှ။
အိမ်အကူလေးဖြစ်ဖြစ်အလုပ်သမားလေးဖြစ်ဖြစ် နှစ်ယောက်လောက်ဖြစ်ဖြစ်ခေါ်ထားမှပဲ။
ချက်ပြုတ်သန့်ရှင်းရေးကိုက တစ်ယောက် ခြံထဲအတွက်ကတစ်ယောက်ဖြစ်ဖြစ်ပေါ့။
ဒီအတွက်ကေသီကိုအကူအညီတောင်းရမည်။
မနေ့ညကကေသီစာပို့ခဲ့သေးတာကိုသတိရသည်။
ပန်းသွေးအမေကဆေးရုံရောက်သွားတော့ ကောင်လေးကတိုက်ခန်းအသစ်မှာသူစိမ်းနှစ်ယောက်နဲ့ မနေရဲဘူးလို့ပြောလို့ ကေသီသွားနေပေးရကြောင်းဖြစ်သည်။
ကေသီ၏ထိုချာတိတ်အပေါ် ထားသောခံစားချက်က အရောင်တွေသိသိသာသာဖြာထွက်နေတာကို ဒါလီသတိထားမိသည်။

"ကေသီ တကယ်လက်သွက်တယ်"

တစ်ကိုယ်တည်းပြောရင်း ပြုံးကာ ဒါလီခေါင်းခါရမ်းပစ်လိုက်သည်။

လက်ကောက်ဝတ်မှပတ်ထားသော ကိုကိုလက်ဆောင်ပေးထားသည့် ပလတ်တီနမ် နာရီကလေးကို ငုံ့ကြည့်လိုက်တော့ ၈နာရီထိုးတော့မည်။

နောက်ကျမှာစိုးတာကြောင့် သူမထရပ်လိုက်၏။
ရွှေရောင်တလတ်လတ်တောက်နေသော မိုးပြာရောင်ဘက်အနည်းငယ်သွားသည့် ပုခုံးပျောက် အင်္ကျီကလေးကသူမကိုယ်ပေါ် ထင်းနေ၏။
ခြေဖျားများဖုံးသည်ထက်ကျော်သော ဂါဝန်ရှည်က ခါးမှအောက်သို့ ပုံ့ပုံ့ကလေးတွဲကျလျက် ယဥ်နေပြန်သည်။
လမ်းလျှောက်လျှင် Dressရှေ့က အကွဲလေးရှိနေတာကြောင့် ခေါင်းမော့ရင်ကော့လိုက်သည်နှင့် သူမဟာ လူပုံအလယ်မှာ မင်းသမီးကလေးတစ်ပါးဖြစ်နေမှာအမှန်ပင်။

လည်တိုင်တစ်လျှောက် ပြောင်ရှင်းနေပြီး မွှေးညှင်းနုနုတို့က ဂုတ်သားလေးတွေပေါ် စိမ်းပြာရောင်ကလေးတွေ ဖွာကျနေ၏။
ဆံပင်တွေကို ခပ်ဖွာဖွာကလေးဖြစ်အောင် ခပ်စောင်းစောင်းလေး ကျစ်ဆံမြီးတစ်ချောင်းကျစ်ကာ ရှေ့သို့ချထား၏။
နဖူးပြင်ကျဥ်းကျဥ်းကလေးက ဖြူဝင်းပြီး
ဝိုင်းစက်သော မျက်နှာပြင်ကလေးက သွေးရောင်စုံအလှများဖြင့် လှသထက်လှနေသည်။
ဖူးငုံစစံပယ်ငုံကလေးလို နှုတ်ခမ်းကလေးက နီထွေးလျက် ၊ ပါးမို့မို့မှာနဂိုရဲနေသည့်တိုင် ခပ်ပါးပါးရဲရဲလေးချယ်ထားသေးသည်။

ပန်းနီနီ, မော်ဖူးစေWhere stories live. Discover now