နောက်ကွယ်က တရားခံကိုမသေချာသေးသော်လည်း အိအိတို့သာအမိဟု နှစ်ယောက်ပြိုင်တူကောက်ချက်ချပြီးနောက် ကားက နေရာမှချက်ချင်းထွက်သည်။
အိမ်ကိုပြန်ရန်သာဖြစ်၏။ အပြန်လမ်းတစ်လျှောက်လုံး အမြဲယုံကြည်ခဲ့သောအိအိတို့ကဘာကြောင့်ဒီလိုလုပ်ရပါလဲဟု စဥ်းးနေမိကြသည်။ထိုချိန် ကေသီ့ဆီမှ ဖုန်းမည်သံက အတွေးများကိုရပါတန့်စေခဲ့၏။
"Hello.."
"...."
"ဟုတ်ပါတယ် ကျွန်မ နန်းကေသီပါ"
"..."
"ရှင်..! တ တကယ်ပြောနေတာလား။ အခြေအနေဆိုးလား"
".."
"ဟုတ်ကဲ့။ဒါဆို ကျွန်မ လာခဲ့ပါမယ်"
ဖုန်းချပြီးနောက် ဒါလီက ဘယ်ကလဲဆိုသည့်ဟန်ဖြင့်မေးဆက်ပြတော့
"ဦးလေးဆီက။ ဆ ဆရာလေ..မမ မှတ်မိတယ်မလာ"
"ဟင် ဆရာဆီက။ ဘာဖြစ်လို့တဲ့လဲ။ အခုအဆက်အသွယ်ပြန်ရနေတာလား။ကျမ်းမာရေးရော"
"အခြေအနေကတော့ဆိုးနေပြီတဲ့။ ကေသီတို့အဲ့ကနေထွက်လာခဲ့ပြီးမကြာခင် ကျန်နေတဲ့ကလေးတွေ ပြီးတော့ လူသစ်ထပ်လက်မခံတော့ပဲ ဦးလေးက ကိုယ်ယောင်ဖျောက်ပြီးနေနေခဲ့တာ။အခုမှ ကေသီ့ဆီဆက်သွယ်လာတယ်။ နောက်ဆုံးအချိန်ရောက်ဖို့ လပိုင်းပဲကျန်တော့တာတဲ့"
"အို.."
ဒါလီ့နှုတ်မှ လွတ်ခနဲထွက်သွား၏။
ထက်မြက်ပြီး ထူးချွန်အောင်သူတို့ကို စိတ်ဓာတ်ရေးရာရော လူမှူရေးရာပါ သင်ကြားပေးခဲ့သော သိုင်းဆရာကြီး။ သူတို့လို မိန်းကလေးတွေကိုတောင် ဒီလို အခြေအနေထိရောက်အောင် တွန်းပေးနိုင်ခဲ့သည့်လက်အစုံရှင်။"ငါလည်းလိုက်မယ် သွေးရောင်လည်းဆေးရုံကဆသ်းရတော့မှာပဲ"
အိအိကိစ္စကိုမေ့သွားကာ ဆေးရုံပြန်လှည့်လာခဲ့ကြသည်။
မကြာခင် သွေးရောင် ဆေးရုံကဆင်းခွင့်ရ၏။သွေးရောင်ကအိမ်ပြန်ချသ်သည်ဆို၍ သူ့အိမ်ကိုပြန်ပို့ပေးခဲ့ရသေးသည်။
အမေဖြစ်သူနှင့်အစ်မဖြစ်သူကစိုးရိမ်ကြီးစွာ ပြေးဖက်ကြတော့ သွေးရောင်နောက်ကျောမှဒဏ်ရာကိုမထိမိစေရန်ဒါလီနှင့်ကေသီကတားရသည်။ သူတို့ကိုပိုပြီး မစိုးရိမ်စေရန်သာ။
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ