Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေသည့် ဒါလီ့ရှေ့သို့ နန်းကေသီ တစ်ယောက် တည်ငြိမ်စွာ လာရပ်၏၊ဒါလီမော်ဖူးခေါင် မော်ကြည့်မလာသည့်တိုင် ကေသီသည် လေစားခြင်းကိုပြသရန် ခေါင်းကို အသာညွတ်ပြလိုက်သည်။ထို့နောက် လက်ထဲမှ စာရွပ်တချို့ကို ဒါလီ့လက်တော့ပ်ဘေးသို့ ချပေးလိုက်၏။
"ဘာတွေလဲ ကေသီ"
"ကေသီတို့ အထက်ပိုင်းကလူတချို့ကို ခေါ်ထားတယ်မမ။ အခု NKT HILL အဖွဲ့ရဲ့ တရုတ်ပြည်နယ်စပ်ကိုပို့တဲ့ သစ်ကားဆယ်စီးက ဖမ်းခံလိုက်ရတယ်။ ရေလောင်းထားပြီးသား လမ်းကြောင်းလည်းရှင်းပြီးသားကို လမ်းမှာ အားလုံးအလွဲလွဲအချော်ချော်တွေဖြစ်ကုန်တာ။ ဟိုဘက်က မုတ်ဆိတ်ဖြူဂိုဏ်းကလည်း နားမလည်နိုင်ဖြစ်နေတယ်။ အထဲမှာ သူသျှိုတွေရှိနေတယ်ထင်လို့ အဲ့တာ စစ်ပြီးတော့ သူသျှိုလို့ထင်ရတဲ့ သူတွေစာရင်းပါ။ ပြီးတော့ နောက်တစ်ခုက..."
နန်းကေသီ မျက်နှာတစ်ချက်တည်သွား၏။ လေးလေးနက်နက်စဥ်းစားပြီးမှ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
"မပန်းတို့မိသားစု စောင့်ကြည့်ခံနေရပါတယ်။ အဲ့ထဲက လူတစ်ယောက်ကို ကေသီအရှင်လတ်လတ်ဖမ်းမိထားတယ်မမ။ ဘာမှမေးလို့မရလို့ စိတ်မကောင်းစွာနဲ့ လက်တစ်ဖက်က လက်သည်းတွေတော့ မရှိတော့ဘူး။ ဒါပေမဲ့ သူအသက်ရှိနေတုန်း စကားကောင်းကောင်းပြောလို့ရနေတုန်းပါပဲ"
"သူအခုဘယ်မှာလဲ"
"NKT HILL House ရဲ့ မြေအောက်ခန်းထဲမှာ "
"ကောင်းပြီ ဒီညနေ ငါ့သူနဲ့တွေ့မယ်"
"ဟုတ်ကဲ့မမ"
ဒါလီမော်ဖူးခေါင်၏
လက်ချောင်းလေးများ လက်တော့ပ်၏ ကီးဘုတ်ပေါ်ပြေးနေသည်။
မျက် ခုံးများကြုံ့နေ၏။
ကေသီ၏ ပြောစရာကျန်နေသေးပုံကြောင့် ဒါလီ မော်ကြည့်လိုက်ကာ"ကိစ္စရှိသေးလို့လား"
ချိူသာအေးသောလေသံနှင့်မေးသော်လည်းပြတ်သား၏။
"ဟုတ်ကဲ့"
"အင်း.."
"DWက ကာစတန်မာတစ်ယောက်က အဲ့ဒီ့လူရဲ့အဆုံးသတ်ကို ဝယ်နေပါတယ်"
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ