"မမ! မေဘယ်လ် ဘာပြောသွားတာလဲ""ကောင်မလေးတစ်ယောက် ရထားတယ်တဲ့။ မကြာခင် ၁၈ပြည့်တော့မှာတဲ့။ အဲ့မိန်းမ တကယ်ကိုမလွယ်တာပဲ။ ဒါကိုများ တကူးတက ငါ့ကို လှန်းပြောနေတယ်။ ဘာထူးဆန်းတာမှတ်လို့"
"ဟင်း မထူးဆန်းဘူးလား "
"ဘာထူးဆန်းလို့လဲ ကေသီ။ မေဘယ်လ်ဆန်ဒရာဆိုတဲ့ မိန်းမ က မကောင်းတဲ့မိန်းမ။ လူငယ်ငယ်လေးတွေ ရထားရင် အသက်ပြည့်တဲ့အထိ ကောင်းကောင်း ထားပြီး အသက်ပြည့်ရင် တရားဝင်ပြည့်တန်ဆာအဖြစ် လုပ်ခိုင်းတတ်တယ်။ ယောကျ်ားလေးတွေဆိုရင်တောင်မှ ဘယ်မှာအလွတ်ပေးလို့လဲ။အခုလည်း ကောင်မလေးတစ်ယောက် အသက်ပြည့်တော့မှာ ဒါကို လှမ်းပြောနေတယ်"
နန်းကေသီ လက်သီးဆုပ်ကလေးလုပ်ကာ ဒါလီမသိအောင် ကြိတ်ရယ်လိုက်ပြီးမှ
"မမက အဲ့လိုထင်နေတာလား"
"အဲ့လိုပဲလေ"
"အဲ့မိန်းမက အဲ့လိုကိစ္စလောက်လေးနဲ့ မမကို အားရဝမ်းသာလာပြောပြမယ်လို့ထင်နေတာပေါ့"
"နန်းကေသီ ! ငါထင်တာမှားနေလို့လား"
"အဲ့လိုသဘောပါပဲ ဒါပေမဲ့ အဲ့ထက်နည်းနည်းပိုတယ် မမ"
အလုပ်လုပ်နေရာမှ နန်းကေသီ၏မျက်နှာကို မျက်ခုံးတွေထိစပ်ကုန်အောင် ကျုံ့ကြည့်ပစ်သည်။
"မေဘယ်လ်က အဲ့ကောင်မလေးကို လိုချင်နေတာ။ ပြည့်တန်ဆာ လုပ်ခိုင်းမလို့မဟုတ်ပဲ သူ့အတွက်..သီးသန့်.."
"ဘယ်လို.."
ကေသီ အသံကလေးထွက်အောင်ရယ်လိုက်သည်။ တော်လိုက်တာဟု သူချီးကျူးခဲ့သမျှ ဒါလီမော်ဖူးခေါင်အား ဒီလို အဓိကနေရာမှာမှ ညံ့လိုက်လေခြင်းဟု ယူကျုံးမရလည်းဖြစ်ရသည်။
"ဒါ ဒါဆို သူက.."
"သူ့ကို ဘာကြီးရယ်လို့ ပြောလို့တော့မရဘူး။ ဒါပေမယ့် အခုလိုမျိုး သူ့အတွက် သီးသန့်ဆိုနဲ့အနေအထားမျိုးနဲ့ ဘယ်သူမှ မရှိခဲ့ဖူးတာတော့ သေချာတယ်မမ"
ဒါလီ တစ်ချက်ရယ်ချလိုက်သည်။
"အဲ့မိန်းမက လူတွေကို ဘယ်လိုနာကျင်မှုမျိုးနဲ့ အသက်ရှင်အောင်လုပ်ရမလဲ ဆိုတဲ့နေရာမှာ သိပ်တော်တယ်"
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ