ကေသီတစ်ယောက် သူ့ဆရာတဖြစ်လဲ သူငယ်ချင်းအမဖြစ်သူ ရည်းစားတောင်တစ်ခါလေးမှမထားဖူးသေးသည့် စင်ဂယ်ပရိုမက်စ်လေးအား စာတွေ့အကြည့်တွေ့နှင့် တစ်ညလုံးရှင်းပြခဲ့ရသည်။သြော်..စာတွေ့အကြည့်တွေ့ဆိုတာက Google (ဂူဂူ)ခေါက်ရင်း ရခဲ့သမျှကို ပြန်ပြပြီးသေချာရှင်းပြခဲ့တာပေါ့။ ဒီလိုပြောလို့ ကေသီဆရာမကြီးလို့မထင်နဲ့နော်။ ကေသီက စီမံကိန်းနဲ့ စင်ဂယ်လုပ်နေတာ။ မောင်လေး အဲလေ ကောင်လေး အသက်၁၈ပြည့်တဲ့နှစ်မှ ရည်းစားထားမှာ။ တစ်ဘဝလုံးစာရည်ရွယ်မှာမလို့ မောင့်အတွက် မမက ဘယ်ပျားမှမနမ်းဖူးသေးတဲ့ ပန်းကလေးအဖြစ် သန့်သန့်လေးနေပေးနေတာ။
သိရဲ့လား။ သိကြမယ့်ပုံလည်းမပေါ်ပါဘူး။ ကြိုက်မယ့်သူမှမရှိကြတာ။ အဲ ကေသီက ကြိုက်မယ့်သူမရှိလို့ ဒီအရွယ်ထိ တစ်ယောက်ထဲနေနေတာမဟုတ်ဘူးနော်။ သွေးရောင်အတွက် သီးသန့်ဖြစ်တည်မှုနဲ့ မွေးဖွားလာတာမလို့။
နားလည်လားတော့မသိဘူး ဟင်းဟင်း။"မမ "
"အင်း"
"ကျွန်တော် စာမေးပွဲတွေနီးလာပြီနော်"
"အင်း ဘာလိုချင်လို့လဲ။တောင်းဆိုစရာရှိလို့လား"
"ဟင့်အင်း ကျွန်တော် စာမေးပွဲအောင်ပြီးရင် တက္ကသိုလ်တတ်ရမှာပေါ့နော်"
"အင်းလေ။ မင်းဘာပြောချင်နေတာလဲ"
"ကျွန်တော် စာမေးပွဲကို အောင်အောင်ဖြေမှာပါ။ မမလိုချင်တဲ့ အမှတ်ထက်မကရအောင်ဖြေမှာ။ ဒါပေမဲ့ အဲ့အတွက် လိုချင်တာကို အသက်၁၈ပြည့်မှ မမဆီကတောင်းမယ်။ မမက စောင့်နေပြီး ကျွန်တော်လိုချင်တာကိုပေးမယ်မလား"
ကေသီ့နှုတ်ခမ်းပြုံးယောင်သန်းသွား၏။
မနက်စောစောစီးစီးသွေးရောင်ရင့်ရင့်နဲ့ ဖုန်းပြောနေခြင်းဖြစ်သည်။
ကောင်လေးက ကျောင်းသွားရန်ပြင်ဆင်နေရင်းမှ သတိရလို့ လိုင်းတတ်ကြည့်ရင်း သူ့ကိုတွေ့လို့ဟုဆိုကာ video callခေါ်လာခဲ့ခြင်း။
ရှက်ပြုံးကလေးပြုံးချင်ပေမယ့် မျက်နှာက တည်နေမလားမသိ။ ခေါင်းကိုငုံ့ကာ ချစ်စရာကောင်မလေးဖြစ်အောင် အရှက်သည်းနေသည့်ပုံဖမ်းထားလိုက်သည်။
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ