Episode 9(Unicode )

1K 109 0
                                    

မိုးထက် စိန်ရနာဆိုင်ဖွင့်ပွဲကြီးက ဆိုရှယ်မီဒီယာတွေအနှံ့မှာ မိနစ်ပိုင်းအတွက်းပျံ့နှံ့လို့သွားခဲ့၏။
ရေဒီယို၊tv channel လိုင်းပေါင်းစုံသာမက၊ဆိုင်ဖွင့်ပွဲသို့ရောက်ရှိသူတွေထံမှ လည်း ၄င်းတို့ရဲ့ ကိုယ်ပိုင် fb accတွေ pageတွေမှတဆင့် liveလွှင့်သူတွေအများအပြားဖြင့်။

တက္ကစီပေါ်မှပါလာသောခရီးသည်များက ရေဒီယိုမှလာနေသော မိုးထက်စိန်ရတနာဆိုင်ဖွင့်ပွဲအကြောင်းသတင်းကိုနားထောင်နေကြသလို
အိမ်အသီးသီး၊လက်ဘက်ရည်ဆိုင်များမှလည်း လာနေသောရုပ်မြင်သံကြားမှတဆင့် တိုက်ရိုက်ထုတ်လွှင့်မှုကနေ စောင့်ကြည့် အားကျနေကြ၏။

အဆင့်မြင့်အထက်တန်းလွှာမှ ဂုဏ်သရေရှိလူမျိုးအသီးသီး၊ရိုးရိုးလုပ်သားများသာမက
ကျေးလတ်တောရွာလေးများအထိ ချက်ချင်း ကျော်ကြားသွားသည့် အကြီးဆုံးအကြောင်းအရာကတော့ စိန်ရတနာဆိုင်ဖွင့်ပွဲလည်းမဟုတ်သလို ဦးမိုးထက်သူရလည်းမဟုတ်ရပါ။ စိန်ထည်များမဲဖောက်ပေးနေခြင်းမဟုတ်သလို၊ ရာခိုင်နှုန်းလျှော့ဈေးဖြင့်ရောင်းချနေခြင်းကြောင့်လည်းမဟုတ်။

အဓိကအကြောင်းအရာမှာ မြန်မာနိုင်ငံတွင် တစ်ခုထဲသော လက်ရာအမြောက်ဆုံးနှင့်တန်ဖိုးအကြီးဆုံးဖြစ်သည့်စိန်ဘယက်ကြီးကို ဆွဲလျက် အပြုံးတစ်စက်မှမရှိပဲ ဝင့်ကြွားစွာ မာန်အပြည့်ဖြင့် မိန်းမလှကလေးတစ်ဦးကြောင့်ပင်။

ဒါလီမော်ဖူးခေါင်။

သူမကို မီဒီယာတွေမှလည်း အင်တာဗျူးလုပ်ကြသည်။
ဗီဒီယိုတွေ ဓာတ်ပုံတွေလည်း အလုအယက်ဝိုင်းရိုက်ကြ၏။
အားလုံးကိုထီမထင်မျက်နှာပေးနှင့် မေးကို မော့လျက် မာန်တင်းတင်းပြည့်သောမျက်နှာဝိုင်းဝိုင်းကလေးက ဘယက်မှမြောက်များစွာသောစိန်ပွင့်တို့၏တလတ်လတ်ထနေမှုကြောင့် ပို၍အရှိန်အဝါကြီးနေသည်။
စိန်ဆိုင်ပိုင်ရှင် ဦးမိုးထက်သူရထက်ပင် ပိုနာမည်ကြီးနေသော ဒါလီမော်ဖူးခေါင်။
ဦးမိုးထက်မှာ ပြုံးလျက်ပင် အိန္ဒြေမပျက်ရှိသည်။
ဒါလီကို ဒီလိုပွဲထုတ်လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ တန်ဖိုးအမြင့်ဆုံး မော်ဒယ်၊သရုပ်ဆောင်တစ်ယောက်ယောက်ကို ငှါးရမ်းလိုက်ခြင်းထက်ပိုပြီး
သူ့အတွက် အဆင်ပြေမည်ဆိုတာကို သူစောစောထဲကရိပ်မိခဲ့သည်။

ပန်းနီနီ, မော်ဖူးစေWhere stories live. Discover now