"မမဒါလီ"ထွက်သွားသည့်မောင်နှမနှစ်ယောက်ကိုကြည့်နေသည့် အမြင်အာရုံထဲ ကေသီက ခြေကားယားလက်ကားယားဖြင့် ဝင်ကာနှောင့်လိုက်သဖြင့် လှပသောမြင်ကွင်းကလေးမှ ကြက်ပျောက်ငှက်ပျောက်ပျောက်သွားရသည်။
"သူ သူ သူ"
လက်ညှိုးတထိုးထိုးဖြင့် မရှိတော့ပြီဖြစ်သော ဟိုမိန်းမဆီ ညွှန်ပြ၏။
ကေသီလည်းဒီမိန်းမကို သိနေတာပဲလေ ဒါပေါ့။ အံ့သြမပေါ့။လက်ထဲက မသောက်ရသေးပဲ ပြာကျနေသော စီးကရက်ကိုတစ်ချက်ရှိုက်ဖွာကာ သက်ပြင်းနှင့်အတူ အငွေ့တို့ကို အပေါ်မော့လျက်မှုတ်ထုတ်လိုက်၏။
"မမနဲ့သူက "
" ငါ့ကိုလာခလုတ်တိုက်သွားတာ ဆောရီးပြောမသွားဘူး။
သူ့ကြောင့် ကိုကိုသေသွားတာကိုရော မှားတယ်လို့မထင်ဘူးလား"အဲ့မိန်းမကိုခိုးဖို့အသွားမှာ ကားတိုက်သေပွဲဝင်ခဲ့ရပုံကို ဒါလီမော်ဖူးခေါင်သည် ကေသီထံမှသိခဲ့ရ၏။
ဘယ်လိုပဲသူ့ကြောင့်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နည်းနည်းများများတော့ဝမ်းနည်းတာမျိုး စိတ်မကောင်းတာမျိုး၊ အသုဘလာမျိုးတော့ နောက်ဆုံးအနေနဲ့ရှိသင့်တယ်မဟုတ်ဘူးလား။သူမသည် ကေသီ့ထံ ဝေ့ကြည့်လိုက်၏။
အကြည့်ကိုသဘောပေါက်သော ကေသီက ချက်ချင်း ဖြေချင်းချက်ကိုပေးသည်။"ကားက ရသွားပြီမမ။ နည်းနည်းကြာသွားတာက ဝပ်ရှော့က သူတွေ လာတာနောက်ကျနေလို့"
သူမသည် ကိစ္စတစ်ခုဖြင့် ကေသီနှင့် ထွက်လာခဲ့ရင်း လမ်းခုလတ်မှာ ကားကထိုးရပ်သွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကေသီက ဝပ်ရှော့ကိုဖုန်းဆက်ပြီးစောင့်နေတုန်း သူမက ရပ်မနေချင်တာနဲ့ စီးကရက်နှင့်မီးခြစ်ကိုယူကာ ခြေဦးတည့်ရာလျှောက်လာမိခြင်း။
စီးကရက်ကိုမီးညှိပြီး တစ်ချက်သာဖွာရသေးသည့်အချိန် ရှေ့တည့်တည့်ကို ရှူတည်တည်ကြီး ကြည့်ပြီးလာနေသော ပန်းသွေးနီနီဆိုသည့်အမျိုးသမီးတွေတွေ့ရခြင်းဖြစ်၏။
သူ့စိတ်မှာ အလိုလို ဒေါသတို့ တဟုန်ထိုးတက်လာသော်လည်း ထိုမိန်းမမှာ သူမကိုမြင်သည့်ပုံမပေါ်သလို ဘယ်ကိုမှလည်းမမြင်ပုံမရ။
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ