ဗဟန်းရှိ ရွှေတောင်ကြားမှ ကာလပေါက်ဈေး သိန်းသုံးသောင်းခွဲ အသာလေးကျော်နိုင်သော သုံးထပ်တိုက်ရှိရာ ခြံဝန်းကျယ်ကြီးထဲသို့ အဖြူရောင် Bugatti Centodieci ကားလေးတစ်စီး ငြိမ့်ညောင်းစွာမောင်းဝင်လာ၏၊
တိုက်ကြီးဘေး ကြီးမားသည့်ရေကူးကန်ကြီးက ပြာလဲ့နေပြီး မီးရောင်များဖြင့် တလဲ့လဲ့တောက်ပနေ၏။လှပလျက်ရှိသော ကော်ဇောကဲ့သို့ အစိမ်းရောင်မြက်ခင်းပြင်ကြီးပေါ်၌ မြောက်မြားစွာသောလူကုန်ထံများတို့က တက်နင်းကာ အောင်ပွဲတစ်ခုကိုခံနေကြသည်။"Wow.."
"ဝါး.."
လှပတဲ့မီးရောင်စုံများအောက် မတူညီသော ဝတ်စုံ၊dressများဖြင့် လူကြီးလူငယ်များစွာသာမက မီဒီယာသမားများပါ လာရောက်ကြ၏။
သို့သော် သူတို့အားလုံးတူညီကြသည်မှာ မြန်မာနိုင်ငံရှိ အမြင့်မားဆုံးအတန်းဝင် လက်ဝတ်ရတနာများ၊အသုံးအဆောင် များကို ဝတ်ဆင်တန်ဆာဆင်ထားကြခြင်းပင်ဖြစ်သည်။ ဤပွဲသည် မိုးထက်စိန်ဆိုင်ပိုင်ရှင် ဦးမိုးထက်သူရ၏ နှစ်၆၀ပြည့်မွေးနေ့မဟုတ်ပါလာ။တတ်ရောက်သူအားလုံးတို့၌ နိုင်ငံဝန်ကြီး တချို့ပင်ပါကြသေးသည်။ အားလုံးက ပြုံးရယ်စွာဖြင့် မွေးနေ့ရှင်ကို လက်ဆွဲနှုတ်ဆက်လျက် ဂုဏ်ပြုပေးကြသည်။ထိုအသက်အရွယ်တိုင်အောင် အရွယ်တင်နုပျိုနေသည့် ဦးမိုးထက်အားလည်း လူကုန်ထံတချို့က လေးစားအားကျအတုယူလျက်ရှိကြသေးသည်။
Bugatti Centodieci ကားတံခါးလေးက လျှောခနဲပွင့်သွားသည်။
လူအားလုံး၏ အာရုံက ထိုကားလေးဆီစွေ့ခနဲရောက်၏။ ဦးမိုးထက်၏ မွေးနေ့သို့ရောက်လာသည်ဆိုကတည်းက သာမန်မဟုတ်မှန်းတော့ရိပ်မိကြသည်။
ကားပေါ်မှဘယ်သူပါလိမ့်ဟု အားလုံးက မျှော်လင့်စောင့်ဆိုင်းနေကြ၏။
ရုတ်တရက် လှပဖြူနုသော ခြေဖမိုးကလေးတစ်ခု၊ ရွှေအိုရောင်တလဲ့လဲ့တောင်ပနေသော ခပ်မြင့်မြင့် ဒေါက်ဖိနပ်ကိုစီးကာ မြေပြင်ပေါ်ကျလာသည်။"ခြေထောက်လေးကလှလိုက်တာ"
လူကိုမမြင်ရမီကတည်းက ထွက်ကျလာကြသော ချီးမွမ်းစကားများ။
မကြာခင် ခြေအစုံမြေပြင်ပေါ်သို့ရောက်လာသည်။
လူတချို့သာမက စားပွဲထိုးလုပ်ကိုင်ပေးနေကြသော အလုပ်သမားများကပါ လုပ်လက်စကို ရပ်လျက် ရပ်သပ်စွာ ရှုစားနေကြသည်။
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ