Episode 18(u+z)

882 91 2
                                    

High heels ကိုစီးဖို့ရွယ်နေသည့် ပန်းကို ဒါလီက နှာခေါင်းရှုံ့ကြည့်သည်။

"လျှောက်လည်ရင် ဖိနပ်အမြင့်တွေမစီးရဘူး။ အဲ့တာက အမကိုယ်အမနှိတ်စက်နေသလိုဖြစ်လိမ့်မယ်"

သတိပေးစကားကြောင့် ပန်းသွေးလည်းအထွန့်မတတ်တော့ပဲ ဖိနပ်အနိမ့်ကိုသာ ရွေးစီးလိုက်သည်။
အပြာရောင် ကားလေးက ဈေးမနည်းသောမော်ဒယ်အစားဖြစ်မှန်း ကြည့်ရုံဖြင့်သိနိုင်ပါသည်။
ကားကလေးနှင့်သူတို့ မြို့ထဲထွက်လာခဲ့ကြ၏။

ပထမဆုံးလုပ်ရမှာက နေ့လယ်စာ။ နေ့လည်စာအရင်စားကြသည်။
ဆိုင်ကောင်းကောင်းတစ်ခုတွင် ခရမ်းချဥ်သီးဆော့စ်နှင့်စပါကတီ၊ ဆလတ်ရွက်သုပ်နှင့် အမဲသားမကျတ်တကျက်ဖြစ်၏။ ထို့နောက် စတော်ဘယ်ရီကိတ်ဖြင့်အချိုတည်း၏။ အနီရောင်တစ်ခွက်စီနှင့် နေ့လည်စာကို ကျကျနန စားသောက်ကြပြီးနောက်မှာတော့ ပန်းသွေး၏ပူစာချက်အရ ကလေးဆန်ဆန်လိုက်ပို့ပေးရသည့်နေရာက Merlion Park တဲ့။ ခြင်္သေ့ပါးစပ်ထဲမှ ရေထွက်နေတဲ့နေရာကို အံ့သြစွာလိုက်ပို့ရသည်။

အဲ့ဒီ့ဘက်က အနည်းငယ်နောက်ကျလေလေပိုလှလေလေဖြစ်တာကြောင့် အေးဆေးစားပြီး ကားကို
ဖြည်းဖြည်းမောင်းလာခဲ့၏။

Merlionဘေးရောက်တော့ ကားကိုထားခဲ့ကာ လမ်းလျှောက်ကြရသည်။ နေပူလွန်းတာကြောင့် ဆိုင်တစ်ဆိုင်မှ ဦးထုတ်အဝိုင်းကြီးများကိုဝယ်ရသေးသည်။
ပန်းသွေးနီနီသည် နာမည်နှင့်လိုက်အောင် အနီရောင်ကြိုက်သူဖြစ်မှန်း ဒါလီပို၍ပို၍သတိထားမိလာသည်။

အနီရောင်ဖျော့ဖျော့ ပန်းခတ်များပါသော ဦးထုတ်အဝိုင်းကြီးနှင့်အမက လက်ရှိအသက်ထက် ဆယ်နှစ်လောက်ပြန်ငယ်သွားသလိုပင်။ ခတ်တာက ဒါလီမော်ဖူးခေါင်။ အမနှင့်ဆင်တူဖြစ်အောင်လို့သာ အပြာနုရောင်ဦးထုတ်လေးဝယ်လိုက်ပေမယ့် ဦးထုတ်နှင့် သူ့မျက်နှာသေးသေးလေးကပျောက်နေသည်။

ရှေ့ထိုးဦးထုတ်ယူရင်လည်း အမနဲ့ကွဲနေအုံးတော့မည်။
အဝိုင်းကိုသာယူပြီး မကျေနပ်စွာ မျက်စောင်းခဲပစ်လိုက်သည်။

တံတားပေါ်ကို လျှောက်တော့ ပတ်ပတ်လည်၌ နိုင်ငံခြားသားများစွာကိုကြည့်လျက် အမက နှုတ်ခမ်းလေးများဟလျက် ငေးမောနေသည်။
ပတ်ပတ်လည်၌ရှိသော မိုးမျှော်တိုက်ကြီးတွေကိုလည်းငေးကာ ကိုယ်ကို တစ်ပတ်လည်အောင် လှည့်ပစ်သေးသည်။

ပန်းနီနီ, မော်ဖူးစေWhere stories live. Discover now