"သူ့အလှက အရိုင်းဆန်တယ်"လို့ ကေသီပြောခဲ့စဥ်က ဒါလီဒီလောက်အထိလို့ မသေချာခဲ့။
ခုမှအနီးကပ်မြင်ခဲ့ရတာတွေရယ်၊စကားပြောခဲ့ရတာတွေက ကေသီပြောသည့်စကားထက်ပင်ပိုနေသေးတာကို ဒါလီ သတိထားမိသည်။ကေသီစကားကိုယူကာ ပြန်လည်ဖြည့်ဆွတ်ရမည်ဆိုပါက
သူ့အလှက အရိုင်းဆန်သည်။ မူးရစ်ရီဝေဖွယ်ဖြစ်၏။
တွေ့တွေ့ချင်းလူတစ်ယောက်ကို စွဲမက်သွားအောင် တရှိန်ထိုး သွေးဆောင်ပစ်နိုင်သည့် အလှမျိုးဖြစ်၏။
အထိန်းအချုပ်မဲ့သော လွတ်လပ်စွာလျှံကျနေသည့် ရေတွေကဲ့သို့ သူ့အလှက ဖုံးမနိုင်ဖိမရဖြစ်နေဟန်ရှိသည်။တောထဲက တောရိုင်းကောင်တစ်ကောင်နှယ် လွတ်လပ်စွာလှပ၏။ အန္တရာယ်လည်းများသေးသည်။
ကျော့ရှင်းဝင်းမွတ်သည့်လည်တိုင်ကလေးများ မတော်တဆပေါ်လာခဲ့လျှင် ဒါလီ့တစ်ကိုယ်လုံးပင် သွေးစီးဆင်းမှုကို ရပ်တန့်ပစ်နိုင်စွမ်းခဲ့သည်။
"ဒီအိမ်မှာ အမတို့နှစ်ယောက်ထဲနေရမှာလား"
"ကေသီကတစ်ခါတလေ လာလိမ့်မယ် "
ကေသီက ပန်းသွေးကိုပြုံးကာခေါင်းညိတ်ပြ၏။
သူတို့ရောက်ရောက်ချင်းတုန်းက ဒါလီအပေါ်တက်ကာ အဝတ်လဲ အနားယူစဥ်ခဏ ပန်းသွေးအား ကေသီက နေရမည့်အခန်းလိုက်ပြ၏။
ပန်းသွေးလည်း မောင်လေးကျောင်းကပြန်လာသည့်အချိန်ကို မှန်းကာ ဖုန်းဆက်လိုက်သည်။
မောင်လေးကဖုန်းမရှိ။
ထို့ကြောင့် ပန်းသွေးတို့နှင့် အိမ်ချင်းနီးသော ဘေးအိမ်ကို အကူအညီတောင်းခဲ့ရသည်။သူမ သူဌေးအိမ်တွင်နေကာအလုပ်လုပ်ရမည်ဖြစ်ကြောင်း
အရေးကြီးပါက ဖုန်းခေါ်နိုင်ကြောင်းနှင့် အမေဆေးရုံတက်ဖို့ စီစဥ်ပေးမည်ဖြစ်ကြောင်းအားလုံး
အတိုချုပ်ပြောခဲ့၏။ညနေရောက်တော့ ကေသီကပန်းသွေးကို ဈေးတစ်ခုလိုက်ပြ၏။
ကြီးကျယ်ခမ်းနားသည့် နှစ်ထပ်ခွဲအိမ်ကြီးထဲတွင် ပန်းသွေးနှင့်ဒါလီနှစ်ယောက်ထဲနေရမည်တွင် ဒါလီက ဘာမှမပြောတာကြောင့် ပန်းသွေးက ညစာအတွက် ချက်ကြရန် ကေသီကိုပြော၏။
ကေသီမှာ ပန်းသွေးအား ဈေးလိုက်ပြပြီးမှ
အပြန်အသားငါးနှင့် ချက်စရာတချို့ဝယ်လာကာ ညစာချက်ပြီး သုံးယောက်အတူစားဖြစ်ခဲ့ကြ၏။
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ