Episode 14(Unicode + Zawgyi )

999 105 8
                                    


ဒါလီမော်ဖူးခေါင်တစ်ယောက်
မိုးမိထားသည့်အရှိန်ကြောင့် တစ်ညလုံးကိုယ်တွေခြစ်ခြစ်တောက်ပူကာနေမကောင်းဖြစ်ခဲ့၏။
ပန်းသွေးနီနီအိမ်မပြန်ဖြစ်ခဲ့သလို ကေသီကလည်း ရောက်မလာပါ။

တစ်ညလုံး စောင်ပုံထဲကွေးနေရင်း ညည်းညူနေရင်းဖြင့်ပင် ပန်းသွေးတစ်ယောက် ရေပတ်တိုက်ပေးရင်းအလုပ်ရှုပ်ခဲ့၏။ မိုးလင်းကာနီးမှ အဖျားကျသွားတော့သည်။

ဒါတောင် မိုးလင်းသည်နှင့် ဒါလီနိုးလာလျှင် ဗိုက်ဆာမှာစိုးတာကြောင့် အဟာရရှိစေရန် ကြက်စွပ်ပြုတ်ကို ကိုယ်တိုင်ဝင်ချက်လိုက်သည်။
အိအိနှင့်သူ့အမေကိုတော့ သူတို့လုပ်စရာရှိတာများသာလုပ်စေပြီး ပန်းသွေးက ကြက်စွပ်ပြုတ်ပြီး ပန်းကန်ထဲထည့်ကာ အပေါ်ထပ်ကိုယူလာခဲ့၏။
စားပွဲပေါ်တင်ကာ အောက်ခံပန်းကန်ပြားဖြင့် ပြန်အုပ်ဖုံးထားလိုက်သည်။

ဒီမနက်မှအဖျားမကျလျှင်ဆေးခန်းဖြစ်ဖြစ်ပို့ဖို့စီစဥ်ရမည်။

တစ်ညလုံးအိပ်မရပဲပင်ပန်းခဲ့တာကြောင့် ဒါလီ၏ဘေးနားဝင်လှဲရင်း မျက်လုံးတွေကမှေးစင်းကျလာသည်။
လူ့ခန္ဓာမှာ အလေးဆုံးအရာဟာ မျက်ခွံပဲဆိုသည့်စကားကသိပ်မှန်သည်။
ပြန်လည်မတင်၍မရတော့သည့် သူမမျက်ခွံတို့ကလေးလံပိတ်ကျလာကာ အမှောင်တိဖြစ်သွား၏။
မကြာမီပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့ပြီဖြစ်သည်။

🌷🌷ပန်းနီနီ,မော်ဖူးစေ🌷🌷🌷

မိုးစင်စင်လင်းရုံမက တော်တော်နေမြင့်နေပြီဆိုတာကို စိတ်ကခန့်မှန်းမိသော်လည်း
တစ်ကိုယ်လုံးက အဖျားရှိန်ကြောင့် အားနည်းနေသည်။
အိပ်ယာထဲမှမထချင်။
ဒါလီမျက်လုံးများ တဖြည်းဖြည်းပွင့်ဟလာသည်။
ရင်ဘက်ပေါ်အထိ ခပ်လေးလေးဖိတင်ထားသောအရာက စောင်တစ်ထည်တော့မဟုတ်နိုင်။
အကြည့်က သူမရင်ဘက်ပေါ်ရောက်သည်။
လှပဝင်းမွတ်ပြီးစိုစိုပြေပြေရှိသော လက်တစ်ဖက်။
လက်ပိုင်ရှင်က ပန်းသွေးနီနီမှလွဲ၍ဘယ်သူရှိပါအုံးမည်နည်း။
ဒါလီကို ဖက်ပြီး အိပ်ပျော်နေတာများ နှစ်နှစ်ခြိုက်ခြိုက်ပါပင်။

ကြည့်ပါအုံး။ လှတဲ့မိန်းမတွေများကျတော့လည်း အိပ်ပျော်နေတာတောင် ဆက်ဆီကျပြီး ဆွဲဆောင်နေသလိုပါပဲလား။
ဘယ်လိုနေနေ ဆွဲဆောင်မှုကိုရှိနေတာပါလား။

ပန်းနီနီ, မော်ဖူးစေWhere stories live. Discover now