"ဘာ ဘာပြောလိုက်တယ် ပိုးဥ။ ငါ့ကို ငါ့ကိုအလုပ်ဖြုတ်မယ်လို့ကြားတယ် ဟုတ်လား""အေး ဘာလို့လည်း ငါလည်းအတိအကျမသိဘူးဟ။ အဲ့တာ ငါနားစွန်းနားစ ကြားခဲ့တာပဲ ဒါပေမယ့် တိတိကျကျကြီးပြောနေကြတာ"
"ဘော့စ်ကိုငါတိုက်ရိုက်သွားပြောမယ်"
အလုပ်လုပ်နေရင်းမှ ဆိုင်ထဲက ဝန်ထမ်းတွေမှ တီးတိုးပြောနေကြတာက ပန်းသွေးနီနီကို ဆိုင်ရှင်က အလုပ်ဖြုတ်တော့မည်ဆိုပဲ။
မိုးပေါ်ကသကြားမင်းဆင်းပြောတောင် ဖြစ်နိုင်စရာမရှိ။
ဘာကြောင့်ဆို ဒီဆိုင်ရဲ့ လူစည်နေခြင်းက ပန်းသွေးကြောင့်ဟုပြောလျှင်ပင်မမှား။
ပန်းသွေး၏ ယာမကာဖျော်စပ်ပုံ၊ လှုပ်ရှားမှုအသေးစိတ် ရုပ်ရည်ရူပကာမှစ အားလုံးဟာ ဒီဆိုင်နှင့် ဆိုင်ရှင်အတွက် ငွေတွင်းကြီးတစ်ခုလိုပင်မဟုတ်ပါလား။
အခု သူငယ်ချင်းမဆီက ကြားခဲ့တာက ပန်းသွေးကိုအလုပ်ဖြုတ်မယ်တဲ့လား။သူမ မခံချင်ပေမယ့် ဒီအလုပ်ကထွက်ပစ်လိုက်ဖို့မဖြစ်နိုင်ပါ။
မောင်လေးရဲ့ကျောင်းစရိတ်နှင့် မိသားစု စားဝတ်နေရေးရယ် အမေ့ဆေးဖိုးရယ်က ဒီအလုပ်ကလေးနဲ့မှ အဆင်ပြေမည်။
အကြောင်းပြချက်မရှိပဲ ထုတ်မယ်ဆိုတာကြီးက..
ပန်းသွေး စိတ်ကို ချုပ်တည်းကာ မန်နေဂျာဆီပင်မဟုတ်ပဲ ဆိုင်ရှင်ရဲ့ရုံးခန်းအထိ တိုက်ရိုက်ရောက်ချသွား၏။
တိုက်ဆိုင်၍လားမသိ ဆိုင်ရှင်က ဒီနေ့မှရုံးခန်းလာထိုင်တာနှင့်တိုး၏။
ခါတိုင်းဆို ရုံးခန်းကိုတစ်ပတ်နေမှတစ်ခါလာစစ်ဆေးလေ့ရှိသည်။"Boss"
တံခါးမခေါက်ပဲ အခန်းထဲဝင်ချလာသည့်ပန်းသွေးကို ဆိုင်ရှင်က မျက်မှောင်ကြုတ်ကြည့်၏။
အသက်မှာ ၃၅ ဝန်းကျင်ခန့်သာရှိသေးသော သူဌေးကိုမြင်တော့ ပန်းသွေးမဆီမဆိုင် အကို့ကိုသတိရမိသွားသည်။
ပျက်သွားသောမျက်နှာကို တစ်ချက်ထိန်းပြီးမှ သူဌေးရှေ့မှထိုင်ခံတွင်ဝင်ထိုင်လိုက်၏။"Boss ကျွန်မက ကောလာဟလတွေကိုအယုံအကြည်မရှိဘူး။ သိချင်တာရှိရင် တိုက်ရိုက် မေးလိုက်ရမှ နေလို့အဆင်ပြေတယ်"
သူဌေးက ဘာပြောချင်တာလဲဆိုသည့်သဘောဖြင့်မျက်ခုံးတစ်ဖက်ကိုပင့်ပြ၏။
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ