"အခုချက်ချင်းလိုက်ခဲ့ပါ။ အိမ်ကိုသွားနေရင်း လမ်းမှာ အမအိမ်ကို ဖုန်းဆက်အကြောင်းကြားလိုက်။
ဘာမှအထွန့်တက်စရာမလိုဘူး။ အမလိုအပ်တာတွေအားလုံး တစ်ခါထဲ လုပ်သွားပေးမှာ"ဒါလီ၏ ပြတ်ရှသော စကားအဆုံး၌ ပန်းသွေး ပါးစပ်အဟောင်းသားလေး ဖြစ်သွားတော့၏။
တစ်ခုခုပြောမည်ပြင်တော့ အနှီကောင်မလေးက မျက်မှန်ကို တပ်ကာ အခန်းထဲကထွက်သွားတော့သည်။သူ့နောက်ကျောကိုငေးနေရင်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသော ပန်းသွေးက သူဌေးကိုတစ်လှည့် စစ်ကူတောင်းဟန်လှန်းကြည့်လိုက်သော်လည်း...
"စောစောကပြောတာ နားမလည်ဘူးထင်တယ်"
နောက်ထပ်ထွက်လာသော အသံသေးသေးလေးကြောင့် ပန်းသွေး နောက်ကိုလှည့်ကြည့်လိုက်၏။
ဒါလီက အခန်းတံခါးဝတွင် မတ်တပ်ရပ်လျက် မျက်မှန်အောက်မှနေကာ မျက်မှောင်ကြုတ်နေသည်။"ဟို..ဟို.."
"လိုက်သွားလေ ပန်းသွေးရဲ့။ သူက မင်းကိုတစ်ခါထဲလိုက်ခဲ့ဖို့ပြောနေတာ။
ကျန်တာတွေ နောက်မှ ဆက်ပြောကြပေါ့"ဒါလီက ချာခနဲလှည့်ထွက်သွား၏။
ပန်းသွေးလည်း စာချုပ်ကလေးနှင့် ပိုက်ဆံအိတ်ကို ဆွဲယူကာ သူမနောက်ပြေးလိုက်ရသည်။
တယ်လည်း ခြေမြန်လိုက်တဲ့ မိန်းကလေး။အနီရဲရဲစွင့်စွင့်ကားလေးရှေ့ရောက်တော့ ဒါလီက လက်ကိုပိုက်လျက် မျက်မှန်ကို ငယ်ထိပ်ပေါ်ပင့်တင်ထား၏။
ပြောင်ရှင်းသွားသောနဖူးလေးက ဖွေးဖြူနေကာ ချစ်စဖွယ်။
မျက်နှာဝိုင်းဝိုင်းလေးနှင့်မလိုက်ဖက်အောင် မှုန်ကုတ်ထားပုံက ခက်ထန်သော မိန်းမတသ်ယောက်၏အသွင်ဖြစ်နေသည်။
မာနကြီးသော အမျိုးသမီးအသွင်ပေါ်လွင်နေ၏။"နှေးလိုက်တာ"
သူ့အနား ပန်းသွေးရောင်လာတော့ လေသံကလေးဖြင့်ပြောလိုက်သည်ကိုပန်းသွေး ကြားဖြစ်အောင်ကြားလိုက်ရသည်။
ကိုယ့်ထက်ငယ်သော ကောင်မလေးက ကိုယ့်က အထက်ဆီးကဆက်ဆံနေတာကို ပန်းသွေး နည်းနည်းမှမနှစ်မျို့ဖြစ်နေသည်။
သို့သော် ဒါလီမော်ဖူးခေါင်အား စိတ်တော့မနာ။
ကလေးမတစ်ယောက်က ကိုယ့်ကိုစိတ်ကောက်နေသည်ဟုပင် ခံစားနေရသေးသည်။
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ