"ကိုကြီးကျော် ..ကိုကြီးကျော်.. တို့ကိုကြီးကျော် တို့ကိုကြီးကျော်.. အရက်သမားမှန်ရင်လေ..ယှဥ်ပြိုက်ကာသောက်လိုက်ချင်တယ်တယ်...."ကားမောင်းနေရာမှ ကိုကြီးကျော် သီချင်းသံကြားတာကြောင့် ကေသီလန့်သွားသည်။
အရေးကြီး ကိစ္စမရှိပဲ မမဒါလီက ဖုန်းလှန်းဆက်တာမျိုးမရှိ။ ကိစ္စရှိလျှင်ကြိုပြောထားတာမျိုး စာပို့တာမျိုးလောက်သာဖြစ်၏။ထို့ကြောင့် မမဒါလီဖုန်းခေါ်တာနှင့် ချက်ချင်းသိသာစေရန်မမဒါလီ၏ ဖုန်းနံပါတ်ဖြင့် ringtone ကို ကိုကြီးကျော်သီချင်း ထည့်ထားခြင်းဖြစ်သည်။
အကြောင်းမှာ သီချင်းထဲ ဘာကြောင့်ကိုကြီးကျော်ထားသလဲဟုမေးခွန်းရှိလာပါသည်။
အဖြေကတော့ သီချင်းထဲကအတိုင်း အရက်သမားမှန်ရက်လည်း လိုအပ်လျှင် ယှက်သောက်ဝံ့သူ၊ ကြက်သမားမှန်ရင်လည်း လိုအပ်လျှင် ယှဥ်တိုက်မည့် ကိုကြီးကျော်လိုမျိုး မမဒါလီသည် တုံးတိုက်တိုက်ကျားကိုက်ကိုက်တစ်ယောက်မို့ပင်။
လူကောင်သေးပြီး အဆိပ်ပြင်းသည်ဟုပင်ဆိုနိုင်သေး၏။အရက်သောက်နိုင်သည့်နေရာမှာလည်း ယောကျ်ားတွေတော့မပြောလို မိန်းမများထဲတွင် မမဒါလီထက်ပို၍သောက်နိုင်မည့်သူ ရှိတော့မည်မထင်။ဒါမှမဟုတ် အမူးပြေဆေးများ သူ့လျှာက ထုတ်လုပ်နေသလားအောက်မေ့ရသည်။
မိန်းကလေးများအပေါ်တွင်မဟုတ်သော်လည်း သူ့အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်လာပါကလည်း လက်ပါ၍ဖြေရှင်းတက်သေး၏။
ထို့ကြောင့် ကေသီသည် ဒါလီမသိစေရန် ဖုန်းရိန်းတုန်းသံကို ကိုကြီးကျော်ဟု ပေးပစ်ခဲ့ခြင်းဖြစ်သည်။" ဟဲလို မမ ဒါလီ"
"သေရေးရှင်ရေးပြဿနာဖြေရှင်းနေတာမဟုတ်ဘူးဆိုရင် အခုချက်ချင်း မိုးထက်စိန်ဆိုင်ကိုလာခဲ့ပါ"
ဖုန်းကျသွား၏။
ဒီနေ့ ဦးမိုးထက်စိန်ဆိုင်ဖွင့်ပွဲရှိတာကိုသိသည်။
သို့သော် ကေသီ အဲ့ဘက်သွားဖို့လမ်းမမြင်သေး။ဟိုကောင်လေးကိုကျောင်းပို့ရ၊ကောင်လေးနှင့်အဆင်ပြေအောင်နေရနှင့်အလုပ်များနေသည်။ဦးမိုးထက်သူရနှင့် ဒါလီမော်ဖူးခေါ်အဖေ၏ ဆက်ဆံရေးကိုလည်း ကေသီကသိထား၏။
ထို့ကြောင့်မိုးထက်စိန်ဆိုင်သည် ကေသီနှင့်သိပ်စိမ်းမနေခဲ့။
ကားကို နောက်ပြန်ကွေ့ပြီးစိန်ဆိုင်ရှိရာဆီ မောင်းလာခဲ့လိုက်၏။
ဘာကိစ္စဖြစ်နေမှန်းမသိပေမယ့် မမဒါလီက လာဆိုသူမလာရမည်။သွားဆိုသွားရမည်။
ဧကန်စင်စစ် ဒါလီနှင့်ကေသီဆိုသည်မှာ သွေးသောက်ညီအကိုတွေလို သူငယ်ချင်းလို၊မိတ်ဆွေလို၊ဆရာတပည့်လိုဖြစ်နေကြသည်။
YOU ARE READING
ပန်းနီနီ, မော်ဖူးစေ