Ep 1

1.3K 66 1
                                    

Unicode Zawgyi

အေးချမ်းတဲ့ မိသားစုလေး....

မေမေ့သည် ဘယ်အချိန်ပဲကြည့်ကြည့်အေးချမ်းလှသည်။ မေမေဟာဘုရား၊တရားကို အလွန်ကိုင်းရှိုင်းလှသလို ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ရဲ့ဘ၀ကိုလည်းအေးချမ်းစေပြီးလှပအောင်ဖန်တီးပေး၏။ ဖေဖေမရှိသည့်အချိန်ကတည်းက မေမေဟာ ဖေဖေဆိုလဲဟုတ်၊မေမေဆိုလဲဟုတ်သည်။

သားနှစ်ယောက်ရဲ့အပေါ်မှာကြင်နာမှုအပြည့်နဲ့အစစအရာရာဂရုစိုက်ပေး၏။ ကျွန်တော်တို့လိုအပ်တာမှန်သမျှအကုန်ဖြည့်ဆီးပေးသည်။ မေမေဟာကျွန်တော်တို့အတွက်အရာရာပင်။ ဖေဖေရှိစဥ်ကတော့ မိသားစုလေးကတော်တော်လေးကိုအဆင်ပြေခဲ့သည်။ သို့သော် ‌ဖေဖေဆုံးသွားပြီးနောက်တွင်တော့ အနည်းငယ်စီးပွားရေးကျဆင်းလာ၏။

နှစ်အတော်ကြာပြီးနောက်တော့ မေမေနဲ့ကျွန်တော်အလုပ်တစ်ခုကြိုးစားလုပ်ပြီး တဖြည်းဖြည်းနှင့် အောင်မြင်လာခဲ့သည်ဆိုပါတော့။ အခုဆို မိသားစုသုံးယောက်အေးအေးချမ်းချမ်းနဲ့နေနိုင်ခဲ့ပြီလေ။

ကျွန်တော်က နမ်ဂျွန်း၊ညီညီကဂျီမင်းပါ။ ညီညီဆိုသည်မှာ ကျွန်တော့်ရဲ့ညီလေးဖြစ်သည့်ဂျီမင်းကိုချစ်စနိုးနှင့်ပေးထားသောနာမည်လေးပင်။ ကျွန်တော့်အလုပ်ကကိုယ်ပိုင် Company အသေးစားလေးတစ်ခုဖွင့်ထားခြင်းသာ။ မေမေကတော့ ခုချိန်မှာ အသက်လဲကြီးနေပြီဖြစ်သဖြင့် သူ(မ)ရဲ့အလုပ်တွေကိုနားထား၏။

မေမေ့ကိုအနားယူရန်နားချထားသူမှာလည်းကျွန်တော်ကိုယ်တိုင်ပင်။ သူ(မ)ကအသက်ကြီးလာပြီဖြစ်သည့်အတွက်ဘုရားရိပ်တရားရိပ်မှာသာနေထိုင်သင့်တယ်မဟုတ်လား။ ထို့ကြောင့် အိမ်၌သာအေးအေးဆေးဆေးနေခိုင်းထား၏။

နမ်ဂျွန်းသည် သူ့မေမေနဲ့ ညီလေးကို အရမ်းချစ်သည်။ အစ်ကိုကြီးတော့အဖရာဆိုသလိုပင် ယခုချိန်တွင်တော့ သူသာလျှင်ဘာမဆိုဦးဆောင်ပြီးအလုပ်လုပ်လေ့ရှိ၏။

Company မှာတောင်သူ့ညီလေးကို အလုပ်မ၀င်ခိုင်းသေးပါ ညီညီပင်ပန်းမှာစိုးလို့တဲ့....။

မနက်ခင်းရဲ့အလှတရားဟာ သာယာလိုနေလေ၏။

"သားကြီးရေ မေမေ မနက်စာပြင်ထားတယ် ညီညီ လေးကိုနှိုးပြီးစားလိုက်နော် သား မေမေဘုရားရှိခိုးအုံးမယ်"
"ဟုတ်မေမေ"
ရေချိုးနေရာရင်းကနေ နမ်ဂျွန်းတစ်ယောက်ပြောလိုက်သည်။

အတိတ်ရဲ့အဆက်Where stories live. Discover now