Unicode
ထိုကောင်လေးနှစ်ယောက်သည် သီချင်းသံလေးထဲမှာ။ တစ်ယောက်ရဲ့လက်တစ်ယောက်ကိုင်ထားကျပြီး ရင်ခုန်သံတွေကလဲတစ်ဒုန်းဒုန်းနဲ့ပေါ့။
"အစ်ကို"
"ဟင်"
"အစ်ကိုက သိမ့်လှတာပဲဗျာ""ဂျွန်ကလဲ အစ်ကိုကလှရအောင်မိန်းကလေးမှမဟုတ်တာ ကိုကယော်ကျားလေးလေ။တကယ်ဆို ယော်ကျားတစ်ယောက်ကခန့်ညားပြီးချောမောတာလို့ပြောရမှာမဟုတ်ဘူးလား။
"ဟင် အင် ကျွန်တော့်မျက်စိထဲမှာအစ်ကိုကလှကိုလှနေတာ။အရမ်းလှတယ် တကယ်ပြောနေတာ အစ်ကို။ဒီပန်းခင်းထဲမှာရှိနေရင်ပိုလို့တောင်လှရက်လွန်းတယ်။
ဂျီမင်းလေးသည် ဂျောင်ကုလေးကလှတယ်ပြောလို့ ရှက်သွေးဖြာနေ၏။
"ဂျွန်ကလဲ တော်ပါတော့ ဂျွန်ပြောတာနဲ့အစ်ကိုမနေ့တက်တော့ဘူးကွာ။ဂျောင်ကုလေးပြောတော့ ဂျီမင်းလေးကရှက်ပြီးထိုနေရာကနေလှည့်ထွက်သွားမယ့်အလုပ်မှာ ဂျောင်ကုလေးကထိုလူသားလေးရဲ့လက်သေးသေးလေးကိုလှမ်းဆွဲထားလိုက်သည်။
ဂျောင်ကုလေးကလှမ်းဆွဲလိုက်တာနဲ့အတူဂျီမင်းလေးခန္ဓာကိုယ်လေးကဂျောင်ကုရဲ့ရင်ခွင့်ထဲအတိုင်းသားရောက်သွားလေ၏။
"အစ်ကို ဘယ်ကိုပြေးဖို့စိတ်ကူးနေတာလဲ ဒီမှာ ဂျွန်ပြောလို့မပြီးသေးဘူးလေ။
ပြောပြီးဂျီမင်းရဲ့ပါးဖောင်းဖောင်းလေးကို ရွှတ် ခနဲ့မြည်အောင် နမ်းလိုက်တော့သည်။
"ဟာ ဂျွန် ဘာလို့ အစ်ကိုယ့်ကို"
ဂျီမင်းလေးတောင်ပြောလို့မပြီးသေး ကျန်တဲ့ပါးဖောင်းဖောင်းလေးကိုလဲ ရွှတ် ခနဲ့မြည်အောင်ထက်နမ်းလိုက်ပြန်သည်။
ဂျီမင်းလေးတစ်ယောက် သူ့ကိုယ်လေးကိုလှမ်းဆွဲခါနမ်းခံလိုက်ရတဲ့အခါအနည်းငယ်တော့စိတ်လှုပ်ရှားမိပြီးရင်ခုန်သွားတာတော့အမှန်ပင်။
ဂျွန် နော် ဘေးအိမ်ကလူတွေမြင်သွားရင်မကောင်းဘူး။ပြီးတော့ မေမေလဲရှိတာကို။
"ဘာဖြစ်လို့လဲ ဂျွန့် အစ်ကိုမို့လို့နမ်းတယ်ဟာကို အစ်ကို မကြိုက်ဘူးလား အဲ့ဆိုပြန်ဖြတ်ပေးမယ်လေ လာ အစ်ကို။
ဂျောင်ကုလေးကသူ့အနမ်းပြန်ဖြတ်ရန် နောက်တစ်ခါနမ်းဖို့ပြင်နေတာမို့ ဂျီမင်းလေးကထိုကောင်လေးရင်ခွင့်ထဲကနေအတင်းရုန်းနေလေရဲ့။
YOU ARE READING
အတိတ်ရဲ့အဆက်
RomanceUnicode နိဒါန်း ဒီနေ့ဟာ သာယာလှပတဲ့နေ့တစ်နေ့လေးမှာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးရှိတယ် ထိုမိသားစုနဲ့ အတူ တစ်ဖက်မှာလဲအပူမီးတွေနဲ့မိသားစုတစ်စုရှိတယ် ဒီမိသားစုလေးပျော်ရွှင်အေးချမ်းသလောက် ကျန်တဲ့မိသားစုကတော့အမြဲပူလောင်မှု စိတ်ညစ်မှုတွေနဲ့ ပြည့်နက်နေ...