Unicode
"ဘယ်လိုပြောလိုက်တယ် အစ်ကိုယ့်ကို စိတ်၀င်စားနေတာဟုတ်လား ထယ်ယောင်း။
"ဖြေးဖြေးပြောပါ ဂျွန်ရာလန့်သွားတာပဲ ငါကအသဲငယ်တယ်ကွ။"အဲ့မိန်းကလေးက ဘယ်တုန်းတည်းက အစ်ကိုယ့်ကိုကြိုက်နေတာလဲ ထယ်ယောင်း။
"အင်း ဘယ်အချိန်ကလဲဆိုတော့ စတွေ့တည်းကဂျီမင်းကို ကြွေနေတာ။ငါ့ကိုဆိုအရေးတောင်မလုပ်ဘူး ခုတောင်ကြည့်ပါလား ငါ့တို့သုံးယောက်လုံးအတူတူရှိနေပါရဲ့နဲ့ဂျီမင်းကိုပဲရွေးပြီးဓါတ်ပုံရိုက်ခိုင်းတာပဲကြည်လေ ဂျွန်ရဲ့။
ဂျောင်ကုလေးသည် ထိုမိန်းကလေးက သူ့အစ်ကိုယ်ကိုကြိုက်နေတယ်ဆိုလို့ ဂျီမင်းလေးကိုပိုပြီးသ၀င်တို့နေလေရဲ့။
"အစ်ကိုရော သိလား ဟိုမိန်းကလေးက အစ်ကိုယ့်ကိုကြိုက်နေတယ်ဆိုတာ။
"သိမှာပေါ့ ဂျွန်ကလဲ ဂျီမင်းလဲပညာတက်လူငယ်တစ်ယောက်ပဲလေ သူ့ကိုစိတ်၀င်စားနေလား မ၀င်စားဘူးလားဆိုတာဂျီမင်းလဲ အကဲခက်မိမှာပေါ့။
"ထယ်ယောင်း မင်းအထင်ပြောကြည့်အစ်ကိုက အဲ့မိန်းကလေးကိုပြန်ကြိုက်မယ်လို့ထင်လား။
"ငါ့အထင်ပြောရရင်တော့ ဂျီမင်းကြိုက်မယ်လို့မထင်ဘူး ဘာဖြစ်လို့လဲဆိုတော့ ငါတို့သုံးယောက်စတွေ့တဲ့နေကစပြီးဆယ်ယွန်းရဲ့အကြည့်တွေကဂျီမင်းဆီမှာပဲဆယ်ယွန်းကသာ ဂျီမင်းကိုကြည့်ပြီးပြောတာ ဂျီမင်းကဆယ်ယွန်းနဲ့အကြည့်ချင်းတောင်စုံတာမဟုတ်ဘူး။
"ဟုတ်ရောဟုတ်လို့လား ထယ်ယောင်းဟိုမှာလဲကြည့်အုံး မင်းသမီးကိုအလှဓါတ်ပုံရိုက်ပေးနေတာကျလို့ မပြီးနိုင်ဘူး။
"အင်း ဂျွန် မင်းပြောတာလဲ ဟုတ်သား ဂျီမင်းအစကအဲ့မိန်းကလေးနဲ့ဒီလောက်မရင်းနှီးပါဘူး။ခုကျဘယ်လိုဖြစ်တာလဲ။
ဂျောင်ကုလေးတစ်ယောက် စိတ်တိုနေသည်""ဒီသတ်တက် ဓါတ်ပုံရိုက်လို့ပြီးအုံးမှာလားမသိ။ပြောတော့လဲ 1 ပုံ 2 ပုံ ထဲပါဆိုပြီး ခုပဲဘယ်နှစ်ပုံရှိနေပြီလဲ။
ဂျောင်ကုလေးကအဲ့လိုပြောတော့ဘေးကကြည့်ပြီး ထယ်ယောင်းရယ်လိုက်၏။
YOU ARE READING
အတိတ်ရဲ့အဆက်
RomanceUnicode နိဒါန်း ဒီနေ့ဟာ သာယာလှပတဲ့နေ့တစ်နေ့လေးမှာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးရှိတယ် ထိုမိသားစုနဲ့ အတူ တစ်ဖက်မှာလဲအပူမီးတွေနဲ့မိသားစုတစ်စုရှိတယ် ဒီမိသားစုလေးပျော်ရွှင်အေးချမ်းသလောက် ကျန်တဲ့မိသားစုကတော့အမြဲပူလောင်မှု စိတ်ညစ်မှုတွေနဲ့ ပြည့်နက်နေ...