Ep 34

151 13 0
                                    

Unicode

"ဂျွန်အိမ်တော်"

သားလေး နေကောင်းလားဘယ်လိုနေသေးလဲ"
"ကျွန်တော့်ကို အစ်ကိုယ့်ဆီ ပို့ပေးမယ်ဆို ဘာလို့မပို့ပေးသေးတာလဲ ကျွန်တော်ဒီမှာမနေချင်ဘူး။

"သား ပြောတဲ့နေရာကို Daddy မှမသိတာ ဘယ်လိုပို့ပေးရမှာလဲ သားလေးရယ်။
"မရဘူး အစ်ကိုယ့်ဆီပဲသွားချင်တယ် ပို့ပေး ပို့ပေး"
"အေးပါ အဲ့ဆိုသားအစ်ကိုဆီကို စုံစမ်းပြီးပို့ပေးမယ်နော်။

"မြင့် ရေ မပြီးသေးဘူးလား"
"ဟုတ် ပြီးပါပြီ"
"အစ်ကို Company ကိုသွားရင်လဲသွားလိုက်လေ ဆေးခန်းကို မြင့်ပဲလိုက်ပြပေးမယ်။
"ရတယ် ဟိုဆော့ကို ဖုန်းဆက်ထားတယ်"
ဒီနေ့ဂျောင်ကုကို ဆေးခန်းရက်ချိန်းပြရမှာမို့ ဂျောင်ကု Daddy နဲ့ဒေါ်မြင့်မြင့်ဟန်တို့သွားကျလေ၏။

ဆေးခန်းရောက်တော့ ဆရာ၀န်မှ ဂျောင်ကုလေးရဲ့အဖြေများကိုပြောပြလိုက်၏။
"ဆရာ ဒါဆိုသားရဲ့ ဦးနှောက်ကမကြာခင်ပြန်ကောင်းလာနိုင်တယ်ပေါ့ ဟုတ်လား ဆရာ။
"ဟုတ်ပါတယ် သူ့ကိုဘယ်ကနေပြန်တွေ့တာလဲ သူ့ကိုအရင်ကုပေးထားတဲ့လူတွေရှိလိမ့်မယ်။

"ဒီ‌ရောဂါမျိုးဆိုတာက ဆေးမှန်မှန်တိုက်ဖို့ရယ် သူကိုဂရုစိုက်ပေးဖို့ကပိုပြီးအရေးကြီးတယ် အနှေးနဲ့အမြန်ပြန်ကောင်းလာတာကလဲ သူ့ကိုပြုစုစောင့်ရှောက်ထားတဲ့လူတွေနဲ့ဆိုင်တယ်။

"ဟုတ်ကဲ့ပါ ဆရာခုလိုရှင်းပြပေးတာကျေးဇူးပါ။
"ရပါတယ် ဗျာ နော်ကျွန်တော်ချိန်းတဲ့ရက်ကိုသာလာပြပေးပါ ဆေးလဲမှန်မှန်တိုက်ပါ။
"ဟုတ်ကဲ့ပါ ဆရာ"
‌ ဆေးခန်းပြပြီးဂျောင်ကုတို့လဲ ပြန်လာခဲ့ကျလေ၏။

"မြင့် သားကိုအသက်နိုင်ဆုံးအနီးကပ်ဂရုစိုက်ပေးပါ။
"အစ်ကိုကလဲ အလုပ်တစ်ဖက်နဲ့ဆိုတော့ သားကိုအချိန်တိုင်းဂရုမစိုက်နိုင်ဘူး။
"စိတ်ချပါ အစ်ကိုရယ် အစ်ကိုရဲ့သားကလဲ မြင့်ရဲ့သားလေးပါပဲ။

"ကျေးဇူးပါ မြင့် မြင့်ရှိနေပေးလိုတော်သေးတယ် အစ်ကိုတို့သားအဖနှစ်ယောက်ထဲဆို မဖြစ်ဘူး။
"ရပါတယ် အစ်ကိုရယ်"
ဂျောင်ကု Daddy သည်မြွေပွေးကိုမှ ခါးပတ်ပိုက်ထားလေသည်။သူ(မ)သည်မာယာသုံးပြီးအပြောချိုချိုလေးနဲ့သူ့ခင်မွန်းကိုလှည်စားလို့‌နေလေ၏။

အတိတ်ရဲ့အဆက်Where stories live. Discover now