Ep 2

562 42 1
                                    

Unicode

ဂျောင်ကုတစ်ယောက်အပေါ်ထပ်ကဆင်းလာပြီး မျက်လုံးများ‌ကဘေးဘီဝဲယာသို့ကြည့်ကာတစ်စုံတစ်ယောက်ကိုရှာဖွေနေ၏။

"ဒေါ်လေးကေ ဘယ်ရောက်သွားလဲမသိဘူး"

ဒေါ်လေးကေသာဆိုတာ တစ်ခြားလူမဟုတ်ပါ။ ဂျောင်ကုငယ်ငယ်တည်းကအတူတူနေလာသူဖြစ်၏။ ဒေါ်ကေသာသည် ဂျောင်ကုကိုအလိုလိုက်ကာ သားအရင်းလေးတစ်ယောက်လိုချစ်ရှာသည်။

ဂျောင်ကုတစ်ယောက်ဟိုဟိုဒီဒီလျှောက်ကြည့်နေစဉ် အဝေးမှအသံတစ်သံကပျံ့လွက့်လာသည်။

"သားဂျွန်လေး ဒေါ်လေးကခြံထဲမှာ သားဘာခိုင်းစရာရှိလို့လဲ ပြောလေ ဒေါ်လေးလုပ်ပေးမယ် မနက်စာရောစားပြီးပြီလား ဒေါ်လေးပြင်ထားပြီးသားနော်"

"သားကစားပြီးပြီ အပြင်မှာနေအရမ်းပူတယ်ဒေါ်လေးတက်ခဲ့တော့ ဒေါ်လေးရောစားပြီးပြီလား"

"ဒေါ်လေးမစားရသေးဘူး ဂျွန်လေး ဒါလုပ်ပြီးမှစားလိုက်မယ် ဒေါ်လေးဗိုက်မဆာသေးလို့"

"ဒေါ်လေးကလဲဘယ်အချိန်ရှိနေပြီလဲ 9 နာရီတောင်ထိုးနေပြီ ကျွန်တော်ပြောတာကိုနားထောင်ပါ လူကြီးဆိုတာ အစာလွန်သွားရင်မကောင်းဘူး လေခံတတ်တယ်"

ဂျောင်ကုသည် ဒေါ်လေးကေအပေါ်သံယောဇဉ်ရှိရှာသည့်အတွက် သူ(မ)အားယဉ်ယဉ်ကျေးကျေးဆက်ဆံလေ့ရှိ၏။ သူ့အမေရှိစဥ်တုန်းက ဒေါ်လေးနှင့်သာဆို သားဖြစ်သူအားစိတ်ချထားပြီးသားပင်။ သူ(မ)ရဲ့သားလေးကိုစောင့်ရှောက်ရန်လည်း တဖွဖွမှာခဲ့သေးသည်။

"ဟုတ်ပါပြီရှင် ဒေါ်လေးနားထောင်ပါ့မယ်"

ဂျောင်ကုကဒေါ်လေးကိုသွားခေါ်လိုက်ပြီး နှစ်ယောက်သားအိမ်ထဲသို့ဝင်လာရာတွင် ကျက်သရေတုံးစရာကောင်းသောအသံတစ်သံကိုကြားလိုက်ရ၏။

"အမလေး ဖြစ်နေကြတာ နှစ်ယောက်သား ရယ်လို့ ‌မောလို့ ကြည့်လို့ကိုမရဘူး ဟွန့်"

စိတ်ပျက်စရာကောင်းသောမိထွေးဖြစ်သူက နှာ‌မှုတ်လျက်ခနဲ့လာသည်။ ထိုမိန်းမကအထက်စီးဆန်စွာဖြင့်

"ဒေါ်ကေသာအပေါ်ထပ်မှာ အ၀တ်တွေလျှော်ရအုံးမယ်နော် တစ်ခုခုဆိုမပြီးတော့ဘူး အလုပ်ကိုဘယ်‌လိုတွေလုပ်နေမှန်းမသိဘူး တကယ်ပဲ"

အတိတ်ရဲ့အဆက်Where stories live. Discover now