Ep 22

161 15 0
                                    

Unicode

ထယ်တစ်ယောက်အထုတ်တွေလဲနေရာတကျထားပြီးတော့။ဂျီမင်းနဲ့ဂျောင်ကုကိုကြည့်ပြီးသည်။

"ဒီနှစ်ယောက်ကဘာလဲ အချိန်တိုအတွင်းမှာအတော်လေးရင်းနှီးနေပါလား။ ဂျီမင်းကိုသေချာမေးမှရမယ်။
"သားငယ်လေး ကောင်လေးကိုအခန်းထဲမှာခေါ်သွားလိုက်လေ။ သူနားချင်နားလို့ရတာပေါ့။

"ဟုတ် မေမေ"
"ညီ အခန်းထဲသွားရအောင် အိပ်ချင်လဲတစ်ရေးတစ်မောအိပ်လိုက် အိပ်ရေး၀တော့လဲခေါင်းကြည်တာပေါ့။
"ဟုတ် အစ်ကို"
"ဂျီမင်းလေးလဲဂျောင်ကုလေးကိုတွဲပြီးအခန်းထဲသို့ခေါ်သွားသည်။
"သားထယ်ယောင်း ဟိုတစ်ခါတည်းကမလာတာကြာပြီနော်။
"ဟုတ်တယ် အန်တီ Daddy ပေါ့သူ့အလုပ်တွေကိုကူလုပ်ပေးရမယ်ဆိုလို့ သားဖြင့်အရင်ရက်ကနားတောင်မနားရဘူး။
"သား ဒီမှာနှစ်ညသုံးညလောက်အိပ်မယ်နော် အန်တီ ဂျီမင်းနဲ့လဲပြောစရာရှိသေးလို့။

"ရပါတယ်ကွယ် ပြောနေရမယ့်သူတွေမှမဟုတ်တာ သားထယ်ရယ် ကြိုက်သလောက်နေ။
"ကျေးဇူးပါ အန်တီ"
"အေးပါကွယ်"

"ညီ အိပ်မပျော်ဘူးလား"
"အင်း"
"အစ်ကို"
"ဟင် ညီဘာဖြစ်လို့လဲပြောလေ"

"ဟိုတစ်ယောက်ကဘယ်သူလဲ ဘာလို့စကားပြောရင်အစ်ကိုနားကိုပဲကပ်ပြီးပြောတာလဲ။
"ထယ်ယောင်းပြောတာလား အစ်ကိုနဲ့သူကငယ်ငယ်တည်းကအတူကျောင်းတက်ခဲ့ကြတာလေ။ငယ်သူငယ်ချင်းတွေပေါ့။

"အဲ့တာသူ့အကျင့်လေ အစ်ကိုနဲ့မှမဟုတ်ဘူး စကားပြောရင် မေမေတို့အစ်ကိုကြီးတို့နဲ့လဲအဲ့ဒီအတိုင်းပဲအနားကပ်ပြီးပြောတက်တယ်။

"ညီက သူ့ကိုမကြိုက်လို့လား သူကခင်တက်ပါတယ် သဘောလဲကောင်းတယ် ရုပ်လဲချောတယ် နောက်ကြရင် ညီလဲသူ့ကိုခင်သွားလိမ်မယ်။

"ဂျောင်ကုလေးတစ်ယောက်ခုကတည်းကမနာလိုဖြစ်နေပြီ။ဂျီမင်းကထယ်ကို သဘောကောင်းပြီးရုပ်ချောတယ်ပြောလို့ထိုကောင်လေးရဲ့မျက်နှာလေးကစူပုတ်သွားလေရဲ့။

"ဘာလိုမျက်နှာကြီးကစူပုတ်နေတာလဲ ဟင် ပြုံးပြုံးလေးနေမှပေါ့။

စိတ်မဆိုးနဲ့နော် ခဏအိပ်လိုက်အုံး အစ်ကို အစ်ကိုကြီးနမ်ဂျွန်းရဲ့စာရင်းတွေသွားလုပ်ပေးလိုက်အုံးမယ်နော်။
"ဟုတ်"
"ဂျီမင်းလဲ သူ့အစ်ကိုကြီးရဲ့စာရင်းတွေဝိုင်းကူလုပ်ပေးနေသည်။
"ညီညီ ဒါလေးပြီးအောင်လုပ်ပေးနော် အစ်ကိုကြီးရုံးကိစ္စလေးရှိလို့အပြင်သွားရင်းနဲ့အပြန်ဆော့ဂျင်ပါ၀င်ကြိုခဲ့လိုက်မယ်။

အတိတ်ရဲ့အဆက်Where stories live. Discover now