Ep 5

380 27 0
                                    

Unicode

"နမ်ဂျွန်းတစ်ယောက် လေဆိပ်မှာ သူ့ရဲ့လူကြီးလေးကင်ဆော့ဂျင်ကို  စောင့်နေခဲ့၏။

မတွေ့ဖြစ်တာကြာလို့လားမသိ သူပြန်လာရင်တွေ့ရမယ်ဆိုလို့တော့၊ရင်ထဲမှာတစ်မျိုးကြီးပဲ ရင်ခုန်တာလား၊ရင်တုန်တာလား၊ကိုယ့်ကိုယ်ကိုတောင်မသဲကွဲ။

"Hi"
"ခပ်ဝေးဝေးကနေလက်လေးပြကာနှုတ်ဆက်လာတဲ့ ကင်ဆော့ဂျင်"
ဆော့ဂျင်က နမ်ဂျွန်းနားလဲရောက်ရော အားရပါးရပြေးဖက်လိုက်ဘေ၏။

"ကိုယ့်တို့ မတွေ့ဖြစ်တာအတော်ကြာပြီနော် နမ်ဂျွန်း"
"အင်း ဟုတ်တယ်နော် မတွေ့ရတာ 3 နှစ်လောက်ရှိပြီ"

နှစ်ယောက်သားအတော်ကြာ‌တဲ့အထိ ဖက်နေခြင်းပင်။ ကိုယ့်နှစ်ခုပူးကပ်နေပြီး ရင်ခုန်သံများစွာနဲ့ ကြည်နူးစရာကောင်းလှပေ။

နှစ်ယောက်သားဖက်နေရင်းနဲ့ သတိတစ်ချက်၀င်လာသည့် အဂျွန်း ကိုယ့်တို့သွားကြရအောင် ဆော့ဂျင်။

"အင်း သွားမယ်လေ "

နမ်ဂျွန်းလဲ ဆော့ဂျင်ရဲ့ခရီးဆောင်အိပ်ကိုဆွဲကာ ကားနောက်ခန်းထဲသို့ထည့်လိုက်ပြီး၊အိမ်သို့မောင်းနှင်လာခဲ့လေသည်။

*****************
"ဂျွန်အိမ်တော်"

အိပ်ခန်းထဲသို့နေရောင်ခြည်အလင်းဖြာဖြာလေးဟာတိုး၀င်လို့လာခဲ့လေ၏။
ဂျောင်ဂုတစ်ယောက် အိပ်ယာထဲကအထ"
"အား ကျွတ်ကျွတ် မနေ့ညကသောက်တာများသွားတယ်ထင်တယ် ခေါင်းထဲမှာလဲနောက်ကြည့်ကြည့်နဲ့။

"ဒါနဲ့မနေ့ညက အဲ့အနံ့လေးဟာ အတော်လေးကိုမွှေးတာပဲ၊ရေမွှေးတွေကိုဘယ်လိုတောင်ဆွတ်ထားလဲ မသိ ဒါပေမယ့် အဲ့အနံ့လေးဟာ နမ်းရှိုက်လို့တော့ကောင်းသား။

ဂျောင်ဂုတစ်ယောက် သူ့အတွေးနဲ့သူတော့ဟုတ်နေတာပေါ့။
" ဒေါက် ဒေါက်"
"သားဂျွန် နိုးပြီလား ဒေါ်လေးကေ ၀င်ခဲ့မယ်နော်"
"ဟုတ် ၀င်ခဲ့ပါဒေါ်လေး"

"သားနေလို့ရောကောင်းရဲ့လား ဂျွန်လေးမနေ့ညက အရက်တွေတော်တော်မူးနေတာ နောက်တစ်ခါကျရင်အဲ့လောက်အများကြီးမသောက်ပါနဲ့လား ဂျွန်လေးရယ် ဒေါ်လေးစိတ်ပူလို့ပါ။ ဂျွန်လေးကအဖေါ်လဲမပါဘူးလေ၊ ကားကိုကိုယ့်တိုင်မောင်းရတာ အန္တရာယ်များပါတယ် သားဂျွန်ရယ်။

အတိတ်ရဲ့အဆက်Where stories live. Discover now