Unicode
ဟိုဆော့တစ်ယောက် ဂျောင်ကုလေးကိုနေတိုင်းလိုလိုလိုက်ရှာနေလေသည်။
ဂျွန်ဂျောင်ကု မင်းဘယ်တွေရောက်နေတာလဲ"
ဟိုဆော့တစ်ယောက်သက်ပြင်းချကာပြောနေလေရဲ့။ဂျောင်ကုကိုရှာရင်းနဲ့ဗိုက်ဆာလာလို့ အနီးနားကစားသောက်ဆိုင်မှာ၀င်စားလိုက်သည်။
"ဟာ မင်း မင်းကဂျောင်ဟိုဆော့မလား""ငါက မင်ယွန်းဂီလေ ဟိုဆော့မှတ်မိလား။
"အေး ယွန်းဂီ ရုတ်တရက်ဆိုတော့ ငါမမှတ်ဘူး မတွေ့တာလဲကြာပြီလေ ဆောရီးပါသူငယ်ချင်းရာ။"ရပါတယ်ကွာ မင်းရောအဆင်ပြေလားခုဘာတွေလုပ်နေလဲ။
"ပြေပါတယ် ငါ့ဦးလေး Company မှာပဲလုပ်နေတယ်။
"မင်းကရော"
"ငါကခု ဦးနှောက်နဲ့အရုံကြောဆရာ၀န်ပေါ့ကွာ"
"အဲ့ဆိုအထူးကုဆရာ၀န်ကြီးတောင်ဖြစ်နေပြီပေါ့ ၀မ်းသာပါတယ်သူငယ်ချင်းရာ။မတွေ့ဖြစ်တာအတော်ကြာတဲ့သူငယ်ချင်းနှစ်ယောက်ခုမှတွေ့လို့စကားလက်စုံပြောနေကြလေသည်။
လူကြီးနှစ်ယောက် သူ့မေမေကိုကန်တော့ပြီးနိုင်ငံခြားကိုသွားတော့မည်။
"ညီညီ မေမေဂရုစိုက်ပေးနော် အစ်ကိုကြီးတို့ 2 ပတ်လောက်ပဲကြာမှာ အစ်ကိုကြီးစိတ်ချမယ်နော်။"ဟုတ်ညီညီတို့ကို စိတ်ချပါ အစ်ကိုကြီး"
"ဒါဆို အစ်ကိုတို့သွားတော့မယ် ဂျီလေး လေယာဉ်မမီပဲမှာဆိုးလို့။အစစအရာရာဂရုစိုက် ဂျွန်ကိုရောပဲ။
"ဟုတ် အစ်ကိုဂျင်"နမ်ဂျွန်းတို့လဲအားလုံးနှုတ်ဆက်ပြီးကားလေးမောင်းကာထွက်လာခဲ့လေသည်။ဂျီမင်းလေးက သူ့အစ်ကိုတွေကိုသူ့အစ်ကိုတွေကိုလေဆိပ်အထိလိုက်ပို့လိုက်၏။
ဂျီမင်းတစ်ယောက် နမ်ဂျွန်းမရှိတော့ Company နဲ့အိမ်ကိုပြေးနေရ၏။ရုံးမှာကျတော့လဲ ဂျီမင်းမရှိလို့မဖြစ် အိမ်ကျတော့လဲ မေမေနဲ့ဂျွန်သာရှိသည်အတွက်နှစ်ယောက်ထဲအဆင်ပြေပါ့မလား တွေးပြီးစိတ်ပူနေလေသည်။
"မေမေ သားပြန်လာပြီ"
"အေး သားငယ်ပင်ပန်းနေပြီလား အလုပ်တွေအများကြီးလုပ်ရလို့ မောင်ထွန်းထွန်းရောရုံးလာလား သား။
YOU ARE READING
အတိတ်ရဲ့အဆက်
RomanceUnicode နိဒါန်း ဒီနေ့ဟာ သာယာလှပတဲ့နေ့တစ်နေ့လေးမှာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးရှိတယ် ထိုမိသားစုနဲ့ အတူ တစ်ဖက်မှာလဲအပူမီးတွေနဲ့မိသားစုတစ်စုရှိတယ် ဒီမိသားစုလေးပျော်ရွှင်အေးချမ်းသလောက် ကျန်တဲ့မိသားစုကတော့အမြဲပူလောင်မှု စိတ်ညစ်မှုတွေနဲ့ ပြည့်နက်နေ...