Ep 17

183 15 0
                                    

Unicode

"ကိုတောင်မထိရက်မကိုင်ရဲ့ခဲ့တဲ့မျက်နှာလေးကိုမှဒဏ်ရာတွေနဲ့တဲ့လား။ မင်းအမြန်သတိရပါတော့ကွာ ကို မင်းနဲ့စကားတွေအများကြီးပြောချင်သေးတယ်။

ကောင်လေးနဲ့မျက်နှာ‌ပေါ်ကဒဏ်ရာတွေနဲ့ဟာလုံး၀မလိုက်ဖက်ပါ။
ဂျီမင်းလေးသည် ဂျောင်ကုလက်ကလေးကိုကိုင်ထားပြီးတစ်ယောက်ထဲပြောနေလေ‌ရဲ့။

"ဂျီလေး မအေးဘူးလား ရော့အေးရင်ဒါလေး၀တ်ထားနော်။
"ဟုတ် အစ်ကိုဂျင်"

အရေးပေါ်ဌာနက အဲယ်ကွင်းတွေဟာကျန်အခန်းများထက်ပိုအေးသောကြောင့်ဆော့ဂျင်ကဂျီမင်းကိုအပေါ်၀တ်အကျီလေးပေးလိုက်သည်။

ဂျီမင်းလေးသည် အေးဖို့နေနေသာသာသူ့ဟာနဲ့သူထိုကောင်လေးကိုစိတ်ပူပြီးဇောချွေးတွေတောင်ပြန်နေလေရဲ့။

"ဂျီလေး ဗိုက်ဆာနေလား  တစ်ခုခုစားချင်တာရှိလားဘာစားမလဲအစ်ကိုဆီမှခေါက်ဆွဲထုတ်လဲရှိတယ် ပေါင်မုန့်တွေရှိတယ်။

"ဂျီမဆာဘူး စားလဲမစားချင်ဘူး အစ်ကိုဂျင်ဆာရင်သွားစားပါ ဂျီကိုအားမနာနဲ့။

"မဆာဘူးလုပ်မနေ့နဲ့  ညနေ့ကတည်းက ဘာမှမစားရသေးဘူးမလား။တစ်ခုခုတော့စားရမယ်လေ စိတ်ပူတာလဲစိတ်ပူတာပေါ့ ဂျီလေးရယ်၊ဂျီလေးမစားရင်ဂျီလေးလဲသွားလိမ်မယ်။ဂျီလေးသူ့ကိုပြုစုရမယ်မဟုတ်လား အဲ့အတွက်ဂျီလေးအားရှိဖို့လိုတယ်လေ။

ဆော့ဂျင်ကအဲ့လိုပြောတော့မှ  ထိုလူသားလေးကစားမယ်ဆိုပြီးခေါင်းညိပ်ပြတော့သည်။
"အဲ့ဆိုအစ်ကို မုန့်သွားယူလိုက်မယ် ခဏစောင့်။
"ဟုတ် အစ်ကိုဂျင်"

ခဏကြာသော် ဆော့ဂျင်ကမုန့်ထုတ်လေးရယ် အအေးလေးရယ်ယူလာကာ ဂျီမင်းကိုပေးလိုက်၏။
"ကဲ ဂျီလေး စားလိုက်အုံးဒီညတော့ဒီမှာပဲအိပ်ကျမယ်။မနက်ကျမှ သူ့အခြေနေကြည့်ပြီးဆုံးဖြတ်ရမယ်။

"အစ်ကိုဂျင် မနက်ကျရင်တော့ သူသတိရမှာပါနော် ကျွန်တော်သူတစ်ခုခုဖြစ်သွားမှာကိုအရမ်းစိုးရိမ်တယ် အစ်ကိုဂျင်။

"အဆင်ပြေမှာပါ စိတ်မပူပါနဲ့ဂျီလေးရယ် အစ်ကိုတို့လဲ လိုအပ်တဲ့စစ်ဆေးချက်တွေအကုန်လုံးလုပ်ပေးထားတာပဲ ကောင်းသွားမှပါ၊ ခုတောင်အခြေနေနည်းနည်းကောင်းလာပြီလေ ဂျီလေး မနက်ဖြန်ကျရင်သွေးအဖြေရမယ်။စိတ်မပူနဲ့နော် စားစား အဲ့တာလေးကုန်အောင်စားလိုက်နော် ဂျီလေး။

အတိတ်ရဲ့အဆက်Where stories live. Discover now