Unicode
"ခေါက်ဆွဲကြော်လေး ရောက်တော့ ဆော့ဂျင်ကယူလိုက်ပြီး စားဖို့ပန်ကန်ထဲထည့်နေ၏။
"ဂျောင်ကုလေး ခဏမှေးနေတာနဲ့ ဆော့ဂျင်က ဂျီမင်းကို ခေါက်ဆွဲကြော်စားဖို့ တိုးတိုးလေးခေါ်လိုက်၏။
"ဂျီလေး လာ သူခဏအိပ်ပျော်နေတုန်း အစ်ကိုတို့ခေါက်ဆွဲကြော်လေးဆွဲလိုက်ရအောင်။
"ဟုတ် အစ်ကိုဂျင်"ဆေးရုံအခန်းကကျယ်သည့် အတွက် လူနာကုတင်ကဘယ်ဘက်ခြမ်းမှာဆို ညာဘက်ခြမ်းက ဧည့်ခန်းလဲပါတယ် ရေချိုးခန်း အိမ်သာတွဲရက်လဲပါသည်။လူနာကုတင်ဘေးမှာ လူနာစောင့်အိပ်ဖို့ ဆိုဖာလဲရှိသည်။
ဆော့ဂျင်နဲ့ဂျီမင်းလဲ မှာထားတဲ့ခေါက်ဆွဲကြော်ရောက်တာနဲ့ နှစ်ယောက်သားစားဧည့်ခန်းထဲမှာစားနေကျ၏။
"ဂျီလေး နမ်ဂျွန်းဆီကို အစ်ကိုဖုန်းဆက်ထားလိုက်တယ် ဒီညတော့ မလာခဲ့နဲ့တော့ မနက်ဖြန်ကျမှလာလို့ပြောထားတယ်။"ဟုတ် အစ်ကိုဂျင်"
"ဒါနဲ့ ဂျီလေး ဟိုနေ့ကနမ်ဂျွန်း ဆေးရုံစာရိုတ်ရှင်းသွားလား ငွေကရှင်းရမှာများလိမ်မယ်နော် ဂျီလေး ICU ထဲမှာပဲ 4 ရက်ဆိုတော့။"ဟုတ် အစ်ကိုဂျင်"
"ရှင်းတယ် ထင်တယ် ဂျီလဲ အစ်ကိုကြီးကိုသေချာတောင်မမေးမိဘူး။ICU အခန်း 1 ရက်ခသည် ရိုးရိုးအခန်း 1 ရက်ခထက်နှစ်ဆပိုဈေးကြီး၏။
ထိုကောင်လေးက 4ရက်ဆိုတော့ ငွေအမောက်ကမနည်းပေ။ဒါတောင်ဂျောင်ကုလေးရဲ့ဆေးဖိုး ဆရာ၀န်ပြခတွေမပါသေးပါ။"နောက်နှစ်ရက်လောက်ကျရင်တော့ သူဆေးရုံကဆင်းရမှာပါ အဲ့ခါကျမှပဲ ဂျီလေးအိမ်မှာအေးအေးဆေးဆေးနားပေါ့ ခုရက်တော့နည်းနည်းပင်ပန်းရအုံးမယ်။
"ဂျီက ရပါတယ် အစ်ကိုဂျင်လဲ ဂျီကျေးဇူးတင်ပါတယ်။
"ရပါတယ်ဂျီလေးရယ် အစ်ကိုယ့်ကိုအားမနာနဲ့ဂျီ လေးလိုအပ်တာပြော အကုန်လုပ်ပေးမယ်။"ဂျီလေးလဲ ခုမှပဲရယ်နိုင်ပြုံးနိုင်တော့တယ်"
"ဟုတ်ပါ့ အစ်ကိုဂျင်ရယ်""အစ်ကိုဂျင် သူ့ကိုဘာကျွေးရမလဲ ထမင်းစားလို့ဖြစ်တယ်မလား။
"ထမင်းစားလို့တော့ ရပါတယ် ဒါပေမယ့် ထမင်းထက်နည်းနည်းပျော့တဲ့ဟာတစ်ခုခုကျွေးရင်ပို့ကောင်းတယ် မနက်ဖြန်ကျလောက်မှထမင်းကျွေးတာပေါ့။
YOU ARE READING
အတိတ်ရဲ့အဆက်
RomanceUnicode နိဒါန်း ဒီနေ့ဟာ သာယာလှပတဲ့နေ့တစ်နေ့လေးမှာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးရှိတယ် ထိုမိသားစုနဲ့ အတူ တစ်ဖက်မှာလဲအပူမီးတွေနဲ့မိသားစုတစ်စုရှိတယ် ဒီမိသားစုလေးပျော်ရွှင်အေးချမ်းသလောက် ကျန်တဲ့မိသားစုကတော့အမြဲပူလောင်မှု စိတ်ညစ်မှုတွေနဲ့ ပြည့်နက်နေ...