Ep 21

190 16 0
                                    

Unicode

"ကဲ ဆန်ပြုတ်သောက်ပြီးပြီဆိုတော့ ဆေးလေးသောက်မယ် ရော့ ဖြည်းဖြည်းသောက်နော် ဆေးက 5 မျိုးဆိုတော့ နည်းနည်းများတယ် ဆေးနင်မယ်နော် ညီ။

"ဟုတ် အစ်ကို"

"ဂျီမင်းသည်ကောင်လေးကိုအစာစားပြီးဆေးပါတစ်ခါထဲသောက်လိုက်၏။
"ဟာ ဘာတွေဝါးနေတာလဲ"

"အစ်ကိုဂျင် လာပြီလား"
"အေး ဂျီလေးရာ ဆေးခန်းထိုင်ပြီးလူလဲပင်ပန်းလိုက်တာကွာ ဒါနဲ့ ဂျီလေးဘယ်လိုလဲ ကောင်လေးစကားရောပြောရဲ့လား။
"ဟုတ် ပြောပါတယ် အစ်ကိုဂျင်ရောဘာစားပြီးပြီလဲဂျီရဲ့ ထမင်းပေါင်းစားပါလား။

"အစ်ကိုမစားတော့ဘူး အောက်ထပ်မှာစားလာခဲ့တယ်။
"ဟုတ်"
"ထယ် ဖုန်းဆက်တယ်မနက်ကျရင်သူဆေးရုံကိုလာခဲ့မယ်တဲ့။
"ဟုတ်လား ထယ်တစ်ယောက်ဘယ် ပျောက်နေတာလဲမတွေ့တာကြာပြီ။
"ဟုတ်တယ် အစ်ကိုဂျင် သူ့ Daddy က Company ကိစ္စနဲ့ခရီးသွားခိုင်းတာနဲ့တူတယ်။

"ဟုတ်လိမ်မယ် ဂျီလေးထမင်းပေါင်းစားတော့လေ ကြာရင်‌အေးပြီးစားလို့မ‌ကောင်းဘူး။အစ်ကိုသူ့ကိုကြည့်ပေးထားမယ်။

"ဟုတ်"
"အစ်ကိုထမင်းပေါင်းစားလိုက်အုံးမယ်နော် ညီ"
"ဟုတ်"
"ဂျီမင်းလဲ ထမင်းပေါင်းလေးစားနေလိုက်သည်။

"အစ်ကိုဂျင် ရှေ့ကဆိုဖာပေါ်မှာအစ်ကိုအိပ်လိုက် ဂျီလေးဒီနားမှာအိပ်လိုက်မယ်လေ။

"အေးရတယ် ဂျီလေးလဲပြီးရင်နားတော့လေ"
"ဟုတ် အစ်ကိုဂျင်"
"ဒါနဲ့ ဂျီလေး အစ်ကိုဂျင် စကားလေးပြောချင်လို့"
"ဟုတ် အစ်ကိုဂျင် ပြောပါ"

ဂျောင်ကုလေးအိပ်ပျော်သွားတော့မှ ဂျီမင်းနဲ့‌ ဆော့ဂျင်ကစကားပြောနေကြသည်။
"ဂျီလေး သူ့ကိုဘယ်လို့လုပ်မယ်စဉ်းစားထားလဲ"

"ဘယ်လို့လုပ်ရမလဲအစ်ကိုဂျင်ရယ် လောလောဆယ်တော့ အိမ်မှာပဲခေါ်ထားရမှာပေါ့ သူမှသတိကောင်းကောင်းမရသေးတာ သူ့ကိုမေးလဲအဖြေမှန်ရမှာမှမဟုတ်ဘူး။နေလည်က ဂျီကိုသိလားမေးကြည့်တော့ မသိဘူးတဲ့လေ။

"ဂျီလေးရယ် စိတ်မပူပါနဲ့ သူအရင်ကအတိုင်းပြန်ကောင်းလာရင် ဒီအကြောင်းရာ‌တွေကိုပြန်ပြီးမှတ်မိမှာပါ။
"ဟုတ် အစ်ကိုဂျင်"
"ကဲ ဂျီလေးလဲအိပ်တော့လေ အစ်ကိုရှေ့မှာအိပ်လိုက်မယ် တစ်ခုခုဆို အစ်ကိုယ်ဂျင်ကိုနိုးလိုက်နော်။
"ဟုတ်ကဲ့"

အတိတ်ရဲ့အဆက်Where stories live. Discover now