Ep 39

186 15 5
                                    

Unicode

မနက်ခင်းနေ‌ရောင်ခြည်နွေးနွေးလေးကအခန်းတံခါးထဲတိုး၀င်လို့လာနေသည်။ကောင်လေးနှစ်ယောက်သည်လဲထိုမနက်ခင်းနဲ့အတူနိုးထခဲ့လေ၏။
ကောင်လေးပေါ်ကျရောက်လာတဲ့ခက်နွေးနွေးအနမ်းတစ်ပွင့်။
လူသားလေးသည်လဲမျက်လုံးလေးမှိတ်ခါထိုအနမ်းလေးကိုမြတ်နိုးစွာခံယူခဲ့လေ၏။

"အစ်ကို နိုးပြီလား"
"အင်း နိုးပြီ ဂျွန်"
ပြောပြီးသူ့အစ်ကိုယ့်ရဲ့နဖူးလေးကိုအမြတ်တနိုးအနမ်းတစ်ပွင့်ထပ်ခြွေလိုက်ပြန်၏။

"အစ်ကိုက ခုလိုချိန်လဲလှနေတုန်းပဲ"
"ဂျွန်ကလဲ ဘယ်နားကလှတာလဲ မျက်နှာတောင်မသစ်ရသေးဘူး။
"မျက်နှာမသစ်ရသေးလဲလှတယ် ဂျွန့် အတွက်အစ်ကိုက ဘယ်ချိန်ကြည့်ကြည့်ကိုလှနေတာ။
ဂျောင်ကုပြောတော့ ဂျီမင်းလေးရှက်သွေးဖြာသွားလေ၏။
"အစ်ကို"
"ဟင်"

ဂျောင်ကုသည် သူ့အစ်ကိုခေါ်ပြီးသူ့ပါးလေးတစ်ဖက်ကိုဖောင်းထားကာ နမ်းဖို့လက်ညိုးထိုးပြနေလေ၏။
"မျက်နှာသွားသစ်အုံးမယ်။
ဆိုပြီးဂျီမင်းလေးကထိုနေရာကထွက်သွားမယ့်လုပ်တော့။ဂျောင်ကုကနောက်ကနေဂျီမင်းရဲ့ခါးသေးသေးလေးကိုတိုင်းဖက်ထားလိုက်ပြီးသူ့အစ်ကိုရဲ့လည်တိုင်လေးကို ရွတ် ခနဲမည်အောင်တစ်ချက်နမ်းလိုက်တော့လေသည်။
"ဂျွန် လွတ်အုံး အစ်ကိုသွားတိုက်လိုက်အုံးမယ်။
လွတ်စေချင်ရင် ဂျွန့် ပါးကိုနမ်းအဲ့ဆိုလွတ်ပေးမယ်။

"ဂျွန်နော် တော်တော်ဆိုးတယ် မနေ့ကလဲအကြာကြီးနမ်းခဲ့ကျတာကို"
"အဲ့တာကမနေ့ကလေ ဒီနေ့မှမဟုတ်တာ အစ်ကိုကလဲ အစ်ကိုယ့်ကို ဂျွန် နမ်းလို့ကိုမ၀ဘူး။အမြဲတမ်းပဲနမ်းနေချင်တာ အစ်ကိုရဲ့။

"ဂျွန် နော် ဟွန့်"
"အစ်ကိုယ့် နမ်းလို့"

မနမ်းရင်ဒီနေ့အဖို့မျက်နှာသစ်သွားတိုက်ရမှာမဟုတ် ဂျီမင်းလဲ ဂျောင်ကုလေးပါးကို တစ်ချက် ရွတ် ခနဲမည်အောင်နမ်းလိုက်တော့၏။
"ရပြီလား လူဆိုလေး"
"ဟုတ် အဲ့တာကြောင့် အစ်ကိုယ့်ကို ချစ်နေရတာ။

ဂျောင်ကုလေးသည် ဂျီမင်းက လူဆိုးလေးလို့ပြောလိုက်တော့ မျက်နှာလေးကပြုံးရွှင်နေလေရဲ့။
ကောင်လေးနှစ်ယောက် အတူတူမျက်နှာသစ်သွားတိုက် ကိုယ့်လက်သန့်စင်ပြီးအောက်ထပ်သို့ဆင်းလာခဲ့လေလိုက်၏။
ဒေါ်လေး အစ်ကိုဟိုဆော့ရော နိုးပြီလား။
"သားဟိုဆော့က Company အစည်းဝေးရှိလို့ဆိုပြီးအစောစောသွားလေရဲ့ သားဂျွန်တို့မနိုးသေးလို့မပြောသွားတာ။
"ဟုတ်ကဲ့ ဒေါ်လေး"
"သားလေးတို့လာကျ ဒေါ်လေးမနက်စာပြင်ထားတယ်။
စားပွဲပေါ်မှာ ကော်ဖီ လက်ဖက်ရည် စားချင်စရာမုန့်မျိုးစုံနဲ့သစ်သီးများစွာကိုသူ့နေရာနဲ့သူစားချင်စဖွယ်ချထားသည်။

အတိတ်ရဲ့အဆက်Where stories live. Discover now