Unicode
"အစ်ကိုယ့်ကို မသိဘူး။ထွက်သွားလို့ပြောခဲ့တာက ဂျွန့် အနားမှာမရှိစေချင်လို့မဟုတ်ပါဘူးအစ်ကိုရယ်။အဲ့တုန်းက ဂျွန် တကယ်ကိုဘယ်သူဘယ်ဝါမှန်းဝေကွဲမရခဲ့လို့ပါ။
"အစ်ကို ဂျွန် တောင်းပန်ပါတယ် နောက်တစ်ခါဒီလိုမျိုးဘယ်တော့မှမဖြစ်စေရဘူး။ ဂျွန် ဂတိပေးတယ်ပြီးတော့ ဂျွန် အစ်ကိုယ့်ကိုအရမ်းချစ်တယ် သိလား။
သူ့အစ်ကိုရဲ့ကိုယ်လေးကိုခွါလိုက်ပြီး ဂျီမင်းလေးရဲ့ပုခုံးလေးကိုညင်သာစွာသူ့လက်နှစ်ဖက်နဲ့ကိုင်ထားခါပြောနေလေ၏။
"သွား ခုမှလာပြီးချစ်တယ်လုပ်မနေနဲ့။လူကိုကြတော့ တစ်ယောက်ထဲထားခဲ့ရက်တယ်။အစ်ကို မင်းကိုအရမ်းလွမ်းနေခဲ့တာ။
ဂျီမင်းလေးသည် ပြောခါအနည်းငယ်ငိုရင်းနဲ့ ဂျောင်ကုရဲ့ရင်ဘက်ကြီးကို ထုနေလေ၏။"မငိုနဲ့တော့နော် အစ်ကို ဂျွန် အစ်ကိုယ့်နားရောက်လာပြီလေ။ပြီးတော့ ဂျွန် လဲခုအားလုံးကိုပြန်မှတ်မိလာပြီ ဂျွန် အစ်ကိုယ့်ကို အမြဲသတိရနေခဲ့တာပါ ဂျွန် အစ်ကိုဆီလာချင်ပေမယ့် ဂျွန်မှ အစ်ကိုအိမ်ကိုမမှတ်မိတာ။
"တိတ်တော့နော် အစ်ကို အစ်ကိုနဲ့အဲ့မျက်ရည်တွေဟာ မလိုက်ဖက်လှဘူး။ဂျွန် အစ်ကိုယ့်ကို ချစ်တယ်နော်။
ဂျောင်ကုလေးကပြောလာတော့ ဂျီမင်းလေးက ခြေဖျားလေးထောက်ကာ ကောင်လေးရဲ့နဖူးလေးကို ဖွဖွလေးနမ်းရှိုက်လိုက်တော့သည်။"ဂျွန် ခုဟိုတခါလိုခေါင်းကိုက်တာတွေ စိတ်တိုတာတွေ မရှိတော့ဘူးပေါ့ ဟုတ်လား။
"ဟုတ် အစ်ကို ဂျွန်ခုနေကောင်းသွားပြီ ဖြစ်ပျက်ခဲ့တာအကုန်လုံးလဲ မှတ်မိပြီ အစ်ကို ဂျွန်အသက်ကို ကယ်ခဲ့တာရော အစ်ကိုနဲ့အတူနှစ်ယောက်သားပျော်ရွှင်ခဲ့ကြတာရော အားလုံးပေါ့ အစ်ကိုက ကျွန်တော့်ဘ၀အတွက် အရာရာပါ အစ်ကို။
ဂျီမင်းတစ်ယောက်ခုမှပဲရင်ထဲကအလုံးကြီးကျသွားပြီးကောင်လေးအတွက်စိတ်အေးရတော့သည်။
"ဂျွန်တို့ ချစ်သူစဖြစ်တဲ့နေ့ကိုလဲသတိရတယ် ပြီးတော့။
"ပြီးတော့ ဘာဖြစ်လဲဆက်ပြောလေ ဂျွန်"
"ပြီးတော့ အစ်ကိုဆီက အရမ်းမွေးတဲ့ကိုယ်သင်းနံ့လေးကိုလဲ ဂျွန် ကောင်းကောင်းမှတ်မိပြီ။
YOU ARE READING
အတိတ်ရဲ့အဆက်
RomanceUnicode နိဒါန်း ဒီနေ့ဟာ သာယာလှပတဲ့နေ့တစ်နေ့လေးမှာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးရှိတယ် ထိုမိသားစုနဲ့ အတူ တစ်ဖက်မှာလဲအပူမီးတွေနဲ့မိသားစုတစ်စုရှိတယ် ဒီမိသားစုလေးပျော်ရွှင်အေးချမ်းသလောက် ကျန်တဲ့မိသားစုကတော့အမြဲပူလောင်မှု စိတ်ညစ်မှုတွေနဲ့ ပြည့်နက်နေ...