Ep 27

142 12 0
                                    

Unicode

"အေးအေး ဂျီမင်း မင်းငါ့ကို ခနဲ့တယ်ပေါ့ဟုတ်လား။
ထယ်လဲပြောပြီး ဟိုဖက်ကအခန်းထဲ၀င်သွားလိုက်သည်။
"ဂျွန် ရေချိုးအုံးလေ အပြင်ကပြန်လာထားတာဆို့တော့။
"ဟုတ် ကျွန်တော်ခဏနေရင်ချိုးမယ် အစ်ကို"
"အဲ့ဆိုလဲ အစ်ကိုအရင်ရေချိုးလိုက်အုံးမယ်ပြီးရင် ဂျွန် ချိုး။

"ဟုတ် အစ်ကို"
"ဂျောင်ကုလေးသည် သူ့အစ်ကို ရေချိုးပြီးရင်၀တ်ဖို့ အကျီလေးထုတ်ထားပြီး ဂျီမင်းရဲ့ကုတင်ပေါ်တွင်ထိုင်နေလိုက်သည်။

မိနစ်အနည်းငယ်ကြာသော် ဂျီမင်းလေးရေချိုးခန်းထဲကနေထွက်လာလိုက်၏။
"အစ်ကို‌ချိုးလို့ပြီးပြီ ဂျွန်သွားချိုးတော့လေ"

ဂျီမင်းလေးကပြောတော့ ထိုကောင်လေးက ဟုတ်ဆိုပြီး။သူ့အစ်ကို ကိုယ်လှည်ကြည့်လိုက်တော့။

"လှလိုက်တာ အစ်ကိုရယ် အသားလေးကလဲဖြူဖွေးပြီးနုဖက်နေတာပဲ။
ကောင်လေးတစ်ယောက် စိတ်ထဲကနေပြောနေခြင်းပင်။
ရေအနည်းငယ်စိုနေတဲ့ အစ်ကိုယ့်ရဲ့ရင်ဘက်တစ်စုံကိုဆူးစိုက်စွာ‌ငေးကြည့်နေမိသောထိုကောင်လေး။ဂျောင်ကုလေးသည် ဂျီမင်းလေးကိုကြည့်နေရင်းနဲ့ နမ်းချင်တဲ့စိတ်တွေကတဖွားဖွား။မဖြစ်‌သေးပါဘူး‌လေဆိုပြီးသူ့စိတ်ကိုသူသာထိန်းထားလိုက်သည်။

"ဟုတ် အစ်ကို ဒီမှာအစ်ကို၀တ်ဖို့ အကျီကျွန်တော်ထုတ်ထားတယ်။
"အင်း ကျေးဇူး ဂျွန်"
"ဟုတ် အစ်ကို"

ဂျောင်ကုလေးသည်ရေချိုးခန်းထဲ၀င်မယ်အလုပ်မှာ။
"ဪ ငါသဘက်မပါသေးဘူးပဲ"

ပြောပြီးကောင်လေးသည် ချိတ်ထားတဲ့သဘက်လေးကို အလျှင်အမြန်ဖြုတ်ကာယူခဲ့ပြီး။သဘက်ကတစ်စတိုတစ်စရှည်နေသောကြောင့်။ကောင်လေးသည် ရှည်နေတဲ့ဖက်ကိုခြေထောက်နဲ့နင်းမိပြီးခလုပ်တိုက်သွားတော့ ဂျီမင်းကမြင်ပြီးလှမ်းတော့ဖမ်းထားပေမယ့် အားချင်းမမျှတာကြောင့်နှစ်ယောက်သားဖက်လျှက်နဲ့ ကုတင်ပေါ်တို့ ကျသွားတော့သည်။

ထိုအချိန်တွင် ကောင်လေးနှစ်ယောက်လုံး မျက်နှာလေးတွေက ရဲတက်လာပြီး။တစ်ယောက်ကိုတစ်ယောက်လေးနက်တဲ့အကြည့်တွေနဲ့ကြည့်နေကျလေသည်။
"ဘာလို့ငါ့ရင်တွေအရမ်းခုန်နေတာလဲ ခါတိုင်းထက်ကိုပိုပြီးတော့နှလုံးခုန်နှန်းတွေကမြန်နေပါလား။

အတိတ်ရဲ့အဆက်Where stories live. Discover now