Ep 18

185 15 0
                                    

Unicode

"သားငယ် မနက်ဖြန်ဆေးရုံလူနာသွားကြည့်ရင်မေမေပါလိုက်ခဲ့မယ်။
"ဟုတ် မေမေ"
"အစ်ကိုကြီးရောလိုက်အုံးမလား"

"အင်း လိုက်မယ်လေ သွေးအဖြေဆိုတာရော ရပြီလားညီညီ"
"မနက်ဖြန်မှရမယ်လို့ အစ်ကိုဆော့ဂျင်ပြောတယ်"

"ဪ အေးအေး"

"အစ်ကိုကြီး ကားဟွန်းတီးသံကြားတယ်။
"ဪ အန်ကယ်ပါလား လာပါအန်ကယ် မေမေရေ ဦးထွန်းထွန်းလာတယ်။

"အမနေပါစေ ငါ့တူ"
"အမ နေကောင်းတယ်နော်"
"အေး ကောင်းပါတယ် "

"အန်ကယ် ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်တယ်ကွာခုအန်ကယ်ပစ္စည်းလေးရောင်းရတယ် မဆိုးဘူးလို့ပြောရမယ် ခုလဲထက်မှာတဲ့လူ‌တွေရှိသေးတယ်။အဲ့အဆင်ပြေတာနဲ့မင်းတို့ကိုငွေတစ်၀က်လာပေးတာ နောက်တစ်ခါကျကျန်တဲ့ဟာအကုန်ပေးမယ် ငါ့တူ။

"ရပါတယ် အန်ကယ်အဆင်ပြေမှပြန်လှည့်ပါ"
"မင်းတို့တာမကူညီရင်အန်ကယ် အဆင်ပြေမှာမဟုတ်ဘူး။
"ဟုတ်ကဲ့ ရပါတယ်ဗျာ"
"ဒါဆို အန်ကယ်ပြန်အုံးမယ်"
"ဟုတ် အန်ကယ်"

"ဦးထွန်းထွန်းလဲပြောပြီးပြန်သွားသည်။
ဂျီမင်းလေးတစ်ယောက်ဒီနေ့အစောကြီးနိုးနေ၏။

"ညီညီအစောကြီးနိုးနေပါလား"
"ဂျီအိပ်လို့မရတာနဲ့ ထလိုက်တော့တယ် အစ်ကိုဂျင်ဆီက ဖုန်းလာသေးလား အစ်ကိုကြီး။

"မလာဘူး ဘာဖြစ်လို့လဲ ညီညီ"
"ဒီနေ့အဖြေရမှာမလား အဲ့တာကြောင့်မေးတာပါ"
"လူနာတွေ့ရမှာကဘယ်အချိန်လဲ ညီညီ"
"2 နာရီ ခွဲ အစ်ကိုကြီး"

နေလည့်ရောက်တော့ ဂျောင်ကုလေးကြည့်ဖို့ သားမိသုံးယောက်ဆေးရုံကိုထွက်သွားကြသည်။

ဂျီလေးတို့လာပြီလား"
"ဟုတ် အစ်ကိုဂျင်"
"အန်တီ ပါလိုက်လာတာလား"

"အေး သားဆော့ဂျင် ရော့ဒါကသားအတွက် အန်တီဟင်းချက်လာတယ် သားဆော့ဂျင်ကအိမ်ပြန်မလာတာ နှစ်ရက်သုံးရက်ရှိပြီဆိုတော့အိမ်ထမင်းဟင်းလေးစားစေချင်လို့။အန်တီချက်လာပေးတာ သားဆော့ဂျင်။

"ဟုတ် အန်တီ ကျေးဇူးတင်ပါတယ်"
"အေးပါကွယ် ကောင်လေးရောသက်သာရဲ့လား"
"ဟုတ် နည်းနည်‌တော့သက်သာလာပါပြီ။

အတိတ်ရဲ့အဆက်Where stories live. Discover now