Unicode
ဂျောင်ကုလေးဆေးစစ်ချက်တွေလုပ်နေလို့ ဂျောင်ကု Daddy နဲ့ဟိုဆော့ ယွန်းဂီနားနေခန်းမှာပဲထိုင်စောင့်နေရင်း သုံးယောက်သားစကားပြောနေကြလေသည်။
"ယွန်းဂီ ဂျောင်ကုကိုသိတယ်ဆို ဘယ်လိုသိတာလဲ ပြောပြပါအုံး။
"အေး ငါနဲ့ဒီဆေးရုံမှာအတူတူတာ၀န်ကျတဲ့ ဒေါက်တာ ဆော့ဂျင်နဲ့ ဂျောင်ကုကိုဆေးကုပေးခဲ့ကြတာလေ။
"ဟုတ်လား ဘယ်လိုကနေဘယ်လို့ဖြစ်ပြီးရောက်လာတာလဲ ပြီးတော့တခြားဘယ်သူပါသေးလဲ။ဟိုဆော့သည် ဂျောင်ကုရှေ့ကဖြစ်ခဲ့တာတွေကိုသေချာမသိသေးပါ သူသိတာက ဒေါ်မြင့်မြင့်ဟန် ဂျောင်ကုလေးကို ဆေးတိုက်တာပဲသိတာ။
"ဟုတ်တယ် အဲ့နေက ဂျောင်ကုအတော်လေးထိထားပုံပဲ သွေးထွက်လွန်လို့ ဦးနှောက်သွေးကြောလေးတွေပိတ်သွားတယ် စိတ်မချရလို့ ICU ထဲမှာပဲ 5 ရက်လောက်ကြာတယ် သူကိုစောင့်ရှောက်ထားတဲ့ မိသားစုလဲငွေအတော်ကုန်သွားတယ်။
ယွန်းဂီလဲ ဂျောင်ကုကိုဘယ်လိုကုခဲ့ရလဲဆိုတာရယ်။ဂျီမင်းတို့မိသားစုလေးကသဘောကောင်းကြောင်း ဂျီမင်းလေးကကောင်လေးကိုအလွန်ဂရုစိုက်ပြီး စောင့်ရှောက်ခဲ့တာ။အားလုံးအကြောင်းစုံပြောပြလိုက်သည်။
"သူတို့မိသားစုကို ကျေးဇူးတင်စကားလေးပြောချင်လို့ ဒေါက်တာ အန်ကယ်တို့ဘယ်လို ဆက်သွယ်ရမလဲ။
"ဟုတ် သူတို့အိမ်ကဘယ်မှာလဲတော့ ကျွန်တော်လဲသေချာမသိဘူး။ဂျောင်ကုလေးဆေးရုံတက်တုန်းက ဆေးမှတ်တမ်းထဲမှာတော့ ဖုန်းနံပါတ်ရှိလိမ်မယ် ကျွန်တော်ပြီးရင် ကြည့်ပေးမယ် ခုဒေါက်တာ ဆော့ဂျင့်ကခရီးသွားနေလို့။"ဟုတ်ကဲ့ပါ ဒေါက်တာ"
"ဒါနဲ့ ဒေါက်တာ သားလေးခုဖြစ် နေတဲ့ရောဂါကအခြေနေဘယ်လိုရှိလဲ။"ဟုတ်ကဲ့ ဂျောင်ကုလေး သွေးကြောပိတ်ရောဂါကကျွန်တော်တို့ကုပေးထားလို့အတော်လေးသက်သာနေပြီ သူ့မှတ်ညဏ်တွေအကုန်ရဖို့အနှေးနဲ့အမြန်ပဲကျန်တော့တာ ခုဒါမျိုးထက်ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ခုစစ်ထားတဲ့အဖြေထွက်လာရင်တချက်ကြည့်ရမယ်။
"ဂျောင်ကုသောက်ထားတဲ့ဆေးတွေကအရမ်းပြင်းတော့ ဦးနှောက်ထဲရောက်သွားမှာကိုစိုးရိမ်ရတယ် အဲ့တာကြောင့်ပြန်ပြီးဓါတ်မှန်ရိုက်ခိုင်းတာပါ။ခုသူ့သောက်ထားတာ 4 ရက်နဲ့ တစ်မနက် ဆိုတော့ သူ့ကိုနည်းနည်းစိုးရိမ်လို့။
YOU ARE READING
အတိတ်ရဲ့အဆက်
RomanceUnicode နိဒါန်း ဒီနေ့ဟာ သာယာလှပတဲ့နေ့တစ်နေ့လေးမှာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးရှိတယ် ထိုမိသားစုနဲ့ အတူ တစ်ဖက်မှာလဲအပူမီးတွေနဲ့မိသားစုတစ်စုရှိတယ် ဒီမိသားစုလေးပျော်ရွှင်အေးချမ်းသလောက် ကျန်တဲ့မိသားစုကတော့အမြဲပူလောင်မှု စိတ်ညစ်မှုတွေနဲ့ ပြည့်နက်နေ...