Ep 35

173 13 0
                                    

Unicode

ထယ်ယောင်းနဲ့ဂျီမင်းလဲထိုနေရာကနေအိမ်ကိုပြန်လာခဲ့ကြလေ၏။

အိမ်ရောက်တော့ ဂျီမင်းသည် မေမေသားတို့ပြန်လာပြီလို့ပြောခါအပေါ်ထပ်ရှိအခန်းထဲကိုပဲတက်သွားလိုက်သည်။
သားထယ် သားငယ်လေးကိုကြည့်ရတာ အဆင်ပြေပုံမပေါ်ဘူး။အဲ့တာ‌ကြောင့်သားငယ်နဲ့တစ်ရက်နှစ်ရက်လောက်နေပေးပါအုံးကွယ်။
"ဟုတ်ကဲ့ အန်တီ"
ထယ်ယောင်းလဲ ဂျီမင်းမေမေသိပြီးသားဖြစ်လို့ ရှင်းပြမနေတော့။
အိမ်ကထွက်သွားတော့ အကောင်းပါရောဂါကပဲထဖောက်လာလို့လား ဒီလိုဂျွန်ခံစားတာကိုမြင်‌တော့။အစ်ကိုယ့်ရင်ထဲမှာလဲခံစားရတယ် ဂျွန်ရယ်။

ကောင်လေးသည် သူ့ကိုဂျောင်ကုလေးကစိမ်းကားသောစကားများပြောလိုက်တာတောင်အပစ်မယူပဲထိုကောင်လေးအတွက်ပြန်ပြီးစိတ်ပူပေးနေလေရဲ့။

"ဒေါက် ဒေါက်"
"ဂျီမင်း ငါခဏ၀င်ခဲ့မယ်နော်"
"အင်း ၀င်ခဲ့လေ ထယ်"

"မင်း အဆင်ပြေရဲ့လားလှဲကျသွားတာဘယ်နေရာနာသွားလေးလဲ။
"အင်းပြေပါတယ် နည်းနည်းပါ"
"ထယ် ဂျွန်ကအရင်နဲ့မတူဘူးနော် သူပုံစံကတစ်မျိုးဖြစ်နေတယ်။
"အေး ဟုတ်တယ် ငါလဲဂျွန့်ကိုကြည့်မိတယ် ခါတိုင်းလိုမျိုးမဟုတ်ဘူး။

"ဒါနဲ့ ဂျီမင်း မင်းမှတ်မိလား ဂျွန့်ကိုဆွဲခေါ်သွားတဲ့ဘွားတော်ကြီးက အရင်တစ်ခါငါတို့နှစ်ယောက်ကို ကောလိုက်တဲ့ ဘွားတော်ကြီးနဲ့မတူဘူးလား။
ထယ်ယောင်းပြောမှဂျီမင်းလဲ ခဏစဉ်းစားလိုက်ပြီး။

"အေး ဟုတ်တယ်နော် ထယ် ဒါဆို ဂျွန်ကအဲ့ဒီအိမ်ကြီးကများလား။သူ(မ)က ဂျွန့်အမေဖြစ်နိုင်တယ်။

"ဟုတ်ရင်လဲဟုတ်မှာပေါ့ ဒါပေမယ့် ဂျီမင်းမင်းကြည့်လိုက်လား အဲ့ဘွားတော်ကြီးက ဂျွန့်အပေါ်မိခင်တစ်ယောက်လို ကြင်နာပုံတော့မပေါ်ဘူး။ဂျွန့်ကိုဆွဲခေါ်သွားတာတောင် စောင့်ဆွဲသွားသလိုပဲ။

"အင်း ထယ် ငါတို့အဲ့အိမ်ကြီးကို သွားကြည့်ကျမလား။
"မနက်ကျရင်ငါ့တို့နှစ်ယောက်အဲ့အိမ်ကိုသွားကြတာပေါ့။ခု တော့မင်းလဲပင်ပန်းထားတယ် နားလိုက်အုံး ငါလဲဘေးအခန်းမှာနားအုံးမယ်။
"အင်း ထယ်"
ကောင်လေးနှစ်ယောက်ပြောပြီးအခန်းထဲမှာနားနေကြလေ၏။

အတိတ်ရဲ့အဆက်Where stories live. Discover now