Ep 13

211 17 1
                                    

Unicode

"ဂျွန်အိမ်တော်"

"သားဂျွန် အလုပ်လုပ်ရတာ ဘယ်လိုလဲ အဆင်ပြေရဲ့လား။
"ဟုတ် ပြေပါတယ် Daddy "

"Daddy ကသားဂျွန်ကို Company ဦးစီးစေချင်ပြီ Daddy ကလဲ တစ်ဖြည်းဖြည်းနဲ့အသက်ကြီးလာပြီလေ။ရှေ့ရှောက်ဆို သားပါ Company ကိုဦးစီးရမှာလေ။

"သားလဲ စဉ်းစားထားပါတယ် သားအဆင်သင့်ဖြစ်ရင်ပြောပါမယ် Daddy။
"အေးပါ သား"
မနက်စာစားရင်းနဲ့ပြောနေခြင်းပါ။

"အကို မြင့်တစ်ခုလောက်ပြောချင်တယ် ရမလားဟင်။
"အင်း ပြောလေမြင့်"
"သားဂျွန်ကို Company လွဲပေးတော့မှာလား သားဂျွန် အဆင်ပြေပါမလား အကို။

"ပြေပါတယ် မြင့်ရဲ့ သားလဲတော်တော်များများ ဈေးကွက်တွေလဲနားလည်တယ် ကိုကတော့သားဂျွန်နဲ့ဆိုစိတ်ချတယ်။သားဒါကိုလုပ်နိုင်တယ်။
"မြင့်ရောဘယ်လို့ထင်လဲ"

"မြင့်အထင်ကတော့ သားဂျွန်ကို ခုချိန်မှာ Company ကိုလွဲပေးလို့မဖြစ်သေးဘူးထင်တာပဲ။
"ဘာဖြစ်လဲ မြင့်ကလဲ ကိုကတော့ ဆုံးဖြတ်လိုက်ပြီ။

"အင်းပါ မြင့်ဘာမှမပြောတော့ပါဘူး အကိုဆုံးဖြတ်ပြီးပြီဆိုလဲ ပြီရောပေါ့။
ဒေါ်မြင့်မြင့်ဟန်သည် သူ့ခင်ပွန်းကိုလဲပြောမရလို့ စိတ်တိုမိတယ်။

အချိန်ဆွဲထား‌လို့မဖြစ်တော့ဘူး ဒီကိစ္စကို အမြန်လုပ်မှဖြစ်တော့မယ်။

ဟဲလို မျိုးမြင့် ငါ ခိုင်းထားတဲ့ကိစ္စကို ဒီရက်ထဲမှာလုပ်လိုက်တော့။အဆင်ပြေတာပါလိုချင်တယ်နော် ဟိုတစ်ခါလိုလွဲလို့ကတော့ နင်နဲ့ငါ ပြတ်ပြီပဲ။

တစ်ဖက်က စိတ်ချပါအမရယ် ဒီတစ်ခါမလွဲစေရဘူး။အမပြောကတည်းက ကျွန်တော်လူတွေလဲ ဂျွန်ဂျောင်ကုနောက်ကိုလိုက်နေတာ အခွင့်ရေးမရသေးလို့မလုပ်ရတာ။အမစိတ်မပူနဲ့လုပ်ပြီးတာနဲ့ချက်ခြင်းဖုန်းဆက်လိုက်မယ်။
"Ok ကောင်းပြီလေ မင်းကိုအမယုံလိုက်မယ်"

ဒေါ်မြင့်မြင့်ဟန်လဲဖုန်းချပြီးဘေးအနီးတစ်ဝှတ်ကိုကြည့်နေသည့် သူ ( မ )ပြောနေတာကို တစ်ယောက်ယောက်ကများနားထောင်နေမလားအထင်နဲ့ပေါ့။တော်ပါသေးရဲ့ဘယ်သူမှ မရှိလို့။

အတိတ်ရဲ့အဆက်Where stories live. Discover now