Unicode
ဂျွန်အိမ်တော်
ဒေါ်လေးကေတစ်ယောက် အိမ်သန့်ရှင်းရေးလုပ်နေစဉ် ဂျောင်ကုလေးခိုင်းထားတဲ့ ပန်းအိုးလေးပတ်ပတ်လည်ကိုသေချာလေးသုတ်ပြီး ဂျောင်ကုအခန်းထဲသွားထားမည်အလုပ်
"ဒေါ်ကေသာ အဲ့တာကိုခဏထားခဲ့အုံး ကျွန်မခိုင်းတာကိုအရင်လာလုပ် ဟိုအပေါ်က စာအုပ်တွေများနေတယ် အဲ့စာအုပ်တွေကိုခွဲပြီး အစဉ်လိုက်ပြန်ထားရမယ်"
"......."
"ကျွန်မပြောတာမကြားဘူးလား ဒေါ်ကေသာ"
"ဟုတ် မမြင့်ကြားပါတယ် ဒီပန်းအိုးကို သားဂျွန်အခန်းထဲထည့်ရုံပါ ထားပြီးရင်လာလုပ်ပါမယ်"ဂျောင်ကုရဲ့ပန်းအိုးလေးကိုသုတ်နေမှန်းသိသည့်အတွက် ဒေါ်မြင့်မြင့်ဟန်ကတမင်တကာခိုင်းနေခြင်းပင်။
"အိုး အဲ့ပန်းအိုးက အရေးမကြီးဘူးထားလိုက်"ဒေါ်ကေသာဟာ ဒေါ်မြင့်မြင့်ဟန်ပြောနေရင်းကို ဂျွန်လေးအခန်းဆီသို့ကိုရောက်အောင်သွားပြီး။
အခန်း၀လဲရောက်ရော"
"ခွမ်း ခွမ်း..!"လက်ထဲကပန်းအိုးလေးဟာ တစ်စဆီကွဲကြေသွားလေ၏။
"မမြင့် ဘယ်လိုလုပ်လိုက်တာလဲ သားဂျွန်းသိရင်တော့ စိတ်မကောင်းဖြစ်တော့မှာပဲ""ကျွန်မဘာလုပ်လို့လဲ ကိုယ့်ဟာကို မ'မနိုင်ပဲလွတ်ကျပြီးတော့ ကွဲမှကျွန်မကိုလှည့်ချမနေနဲ့"
ထိုသို့ပြောပြီးအောက်ထပ်ကိုဆင်းသွားသည်။ဒေါ်လေးကေတစ်ယောက် ဂျွန်မြတ်နိုးရသော ပန်းအိုးလေးကို သေချာသုတ်ပြီးဂရုတစိုက်ကိုယူလာတာပါ။ မထင်မှတ်ပဲ နောက်ကနေလက်ကိုလာဆွဲနေသော ဒေါ်မြင့်မြင့်ဟန်ကြောင့် ပန်းအိုးလေးဟာ ခွမ်းခနဲ....
"သားဂျွန်ပြန်လာရင်ဘယ်လို့ပြောရပါ့ ငါတော့ ဒုက္ခပါပဲ"
မကြာပါဘူး၊ခြံရှေ့ကနေ ကားတစ်စီး၀င်လာသည်။"တီ..တီ..တီ..."
"သားဂျွန်ပြန်လာပြီလား ညနေစာရော အပြင်ကစားခဲ့လား"
"မစားခဲ့ဘူး ဒေါ်လေး ပြီးမှစားမယ်"
"ဪ အေးပါ"ဂျောင်ကုတစ်ယောက်သူ့အခန်းထဲ၀င်သွား၏။ထို့နောက်
"ဒေါ်လေးရေ ဒေါ်လေး"
"အေး သား ပြောလေ"
YOU ARE READING
အတိတ်ရဲ့အဆက်
RomanceUnicode နိဒါန်း ဒီနေ့ဟာ သာယာလှပတဲ့နေ့တစ်နေ့လေးမှာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးရှိတယ် ထိုမိသားစုနဲ့ အတူ တစ်ဖက်မှာလဲအပူမီးတွေနဲ့မိသားစုတစ်စုရှိတယ် ဒီမိသားစုလေးပျော်ရွှင်အေးချမ်းသလောက် ကျန်တဲ့မိသားစုကတော့အမြဲပူလောင်မှု စိတ်ညစ်မှုတွေနဲ့ ပြည့်နက်နေ...