Unicode
"အင်း ဆင်းပြီ ဟာ ထယ် မင်းငါ့ကိုဘယ်နေရာခေါ်လာတာလဲ"
ထယ်ယောင်းက ဂျီမင်းကို bar တစ်ခုကိုခေါ်လာသည်။မီးရောင်စုံများဖြင့်တောက်ပနေသည့်သုခဘုံဟုထင်မြင်စရာကောင်းသည့်နေရာတစ်ခုပင်။
"ဘာဖြစ်လို့လဲ ဂျီမင်း လာလေ အဲ့ထဲမှာသွားထိုင်ရအောင်"
"မင်းပြောတော့ ငါ့ကို ထမင်းလိုက်ကျွေးမှာဆို""အေးလေ ဟုတ်တယ်လေ အဲ့တာဘာဖြစ်လို့လဲ"
"ငါက ထမင်းဆိုင်ဆိုတော့ ရိုးရိုးဆိုင်ပဲလို့ထင်နေတာ မင်းကငါ့ကို bar ခေါ်လာတာပဲ""ဟာ ဂျီမင်း လူငယ်တွေသွားပါတယ်ဆိုမှ မင်းကြီးတော်ရိုးရိုးဆိုင်လား မသွားပါဘူး သွားချင်ရင် ဘား လို့ကလပ်တို့ အဲ့လိုနေရာပဲသွားမယ်"
"အထဲမှာလူတွေအများကြီးပဲ သီချင်းသံတွေနဲ့ နားကိုငြီးနေတာပဲ"
ထယ်ယောင်းကဆရာကြီးလုပ်ကာပြောလာ၏။
"bar ပါဆိုမှ အဲ့လောက်တော့ရှိမှာပေါ့ မင်းကလဲ"ဂျီမင်းဟာ အရက်မသောက်သက်တာတော့မဟုတ်ပါဘူး သူကလပ်တို့ ဘားတို့ကို တော်ရုံတန်ရုံ မသွားတက်ပါ။ ထယ်လာမှပဲ ရန်ဖန်ရန်ခါ နှစ်ယောက်သားသွားကြတာ။
ညဆည်းဆာ အလည်မှာ ရောင်စုံမီးများက သူ့နေရာသူ့ လှပပြီးနေရာယူထားသည်။ အဲ့ထဲမှာရှိတဲ့ လူတွေကလဲ ဝိုင်ခွက်လေးတွေ ကိုယ်ဆီကိုင်ထားပြီး သီချင်းသံလေးနဲ့ ခေါင်းလေးညှိပ်ကာညှိပ်ကာနဲ့ပျော်မြူးနေကြလူငယ်အများ။
အပြင်ဘက်ကနေရာလွတ်နေသည့် ခုန်များတွင် နှစ်ယောက်သား၀င်ထိုင်ပြီး စားဖို့ သောက်ဖို့မှာနေလိုက်သည်။
အထဲက အခန်းထဲထောင့်တစ်နေရာမှာ အရက်သောက်နေတဲ့ ဂျွန်ဂျောင်ဂု အိမ်က နေစိတ်ညစ်ပြီး ထိုင်သောက်နေတာ အတော်လေးကြာနေပြီ လူကလဲ သောက်ထားတဲ့အရှိင်နဲ့ မူးတူးတူးဖြစ်နေသည်။
"ဂျီမင်း ဘီယာသောက်အုံးမလား "
"ငါမသောက်ဘူး မင်းဘာသာသောက်ချင်ရင်သောက် ငါ့ကို အရက်မသောက်ခဲ့နဲ့လို့ မေမေမှာလိုက်တယ်လေ မင်းလဲသိရဲ့သားနဲ့ "
"မင်းကလဲ တစ်ခါတစ်လေ လေးလာတဲ့ဟာကို "
"ကဲပါ သောက်မယ့်ဟာတာသောက်ပါ ထယ် မင်းကလေ တော်တော်စကားများတဲ့ကောင်ပဲ"
YOU ARE READING
အတိတ်ရဲ့အဆက်
RomanceUnicode နိဒါန်း ဒီနေ့ဟာ သာယာလှပတဲ့နေ့တစ်နေ့လေးမှာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးရှိတယ် ထိုမိသားစုနဲ့ အတူ တစ်ဖက်မှာလဲအပူမီးတွေနဲ့မိသားစုတစ်စုရှိတယ် ဒီမိသားစုလေးပျော်ရွှင်အေးချမ်းသလောက် ကျန်တဲ့မိသားစုကတော့အမြဲပူလောင်မှု စိတ်ညစ်မှုတွေနဲ့ ပြည့်နက်နေ...