Unicode
"ဂျီမင်းတစ်ယောက် ဂျောင်ကုလေးရဲ့ခေါင်းကိုသေချာသုတ်ပေးပြီး Dryer လေးနဲ့မှုတ်ပေးလိုက်သည်။
"ကဲပြီးပြီ အစ်ကိုတို့ သွားကျစို့""အခန်းထဲက ကိုတော်နှစ်ယောက် မပြီးနိုင်မစီးနိုင် ဘာတွေလုပ်နေကျတာလဲ သွားရအောင်လေ။
ထယ်ယောင်းသည်အပြင်ဘက်ကနေ ဂျီမင်းတို့နှစ်ယောက်ကို အော်ပြောနေ၏။
"လာပါပြီကွာ ဘာလို့အသံပြဲကြီးနဲ့အဲ့လောက်တောင်အော်နေတာလဲ ထယ်။ ဘေးအိမ်တွေအားနာစရာကြီး။
"မင်းတို့ကထွက်မှမလာတာ ငါစောင့်နေတာကြာပြီ။
"သွားမယ်လာ ထယ်ရော့ ကားသော့"
"ကားက ငါမောင်းရမှာလား"
"မင်းမမောင်းလို့ ဘယ်သူမောင်းရမှာလဲ"
"အေးပါ ငါပဲမောင်းပါ့မယ်"ပြောပြီး ကောင်လေးသုံးယောက်ကားတစ်စီးနဲ့ ရှော့ပင်းမောကို ဦးတည်၍မောင်းသွားကြသည်။
"မြို့ထဲဆိုတော့ အနည်းဆုံး 1 နာရီလောက်မောင်းရသည်။ရှော့ပင်းမောကို ရောက်တော့ ကားပါကင်အရင်ထိုးလိုက်ပြီး သုံးယောက်သားဆိုင်ထဲကို၀င်သွားလိုက်သည်။
"ဂျီမင်း အကျီဆိုင်ကိုအရင်သွားမှာမလား။
"အေး Giordano ဆိုင်သွားမယ် ထယ်"
"ညီ ဒါလေးနဲ့ဆို လိုက်တယ် ရော့ ဒါလေးယူ ဒါရောပဲ"
ဂျီမင်းလေးကဂျောင်ကုခန္တာကိုယ်လေးကိုအကျီတွေတစ်ထည်ပြီးတစ်ထည်ကပ်ကြည့်နေပြီးဒါလေးက ညီနဲ့ လိုက်တယ် ဟိုဟာလေးလိုက်တယ်နဲ့ ပြောခါအကျီတွေရွေးပေးနေသည်။ဂျောင်ကုလေးသည်လဲ သူ့အစ်ကိုရွေးပေးနေတာကို သဘောကျနေဟန်နဲ့ပြုံးကာနေ၏။
"ဒီခရမ်းလေးလဲ မိုက်သားပဲ ညီ ကြိုက်လား"
"ဟုတ် အစ်ကို ကြိုက်တယ်""ညီ လဲကြိုက်တာယူလေ ဘယ်အကျီလေးကြိုက်လဲ"
"ကျွန်တော်က ဘာဖြစ်ဖြစ်ရပါတယ် အစ်ကို။အစ်ကိုရွေးပေးတာ အကုန်လုံးကြိုက်တယ်။"ဂျီမင်း ဒါလေးငါနဲ့လိုက်လား ကြည့်ပေးပါအုံး"
"အင်း လိုက်သားပဲ"
ဂျီမင်းတစ်ယောက် ထယ်မေးတာကို ပါးစပ်ကတာပြန်ဖြေတယ် သူ့မျက်နှာကထိုကောင်လေးဆီမှာ။"ညီ ဘောင်းဘီလဲ ၀ယ်ရအုံးမယ်"
ဂျီမင်းလေးက ဂျောင်ကုလက်လေးကိုဆွဲပြီး ဘောင်းဘီရှိတဲ့ဘက်ကိုခေါ်သွားလိုက်ပြီးကောင်လေးအတွက်ဘောင်းဘီရွေးပေးနေသည်။
YOU ARE READING
အတိတ်ရဲ့အဆက်
RomanceUnicode နိဒါန်း ဒီနေ့ဟာ သာယာလှပတဲ့နေ့တစ်နေ့လေးမှာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးရှိတယ် ထိုမိသားစုနဲ့ အတူ တစ်ဖက်မှာလဲအပူမီးတွေနဲ့မိသားစုတစ်စုရှိတယ် ဒီမိသားစုလေးပျော်ရွှင်အေးချမ်းသလောက် ကျန်တဲ့မိသားစုကတော့အမြဲပူလောင်မှု စိတ်ညစ်မှုတွေနဲ့ ပြည့်နက်နေ...