Ep 6

335 21 0
                                    

Unicode

ဂျွန်အိမ်တော်

"ဒေါ်ကေသာတစ်ယောက်ခြံထဲကနေ စကားကျယ်ကျယ်ပြောတာကိုတော့တစ်ချက်ကြားလိုက်မိပေမယ့် သူတို့ဘာပြောတာလဲဆိုတာတော့သေချာမကြားမိ။

"ဒါနဲ့အမ ဘာလုပ်ရမှာလဲပြော အမဖြစ်ချင်တာပြောလိုက်။
"ဒီအိမ်က ဂျွန်ဂျောင်ကုကိုမှတ်လောက်သားလောက်အောင်လုပ်ချင်တယ်၊အဲ့တာနင်လုပ်ပေးရမယ် ဘယ်သူမှမရိပ်မိစေနဲ့ ကြားလားငါပြောတာကို"

"စိတ်ချ အမစိတ်တိုင်းကျဖြစ်စေရမယ် ဒါနဲ့ အမ ငါငွေနည်းနည်းလိုနေလို့ အဲ့တာပေးပါအုံး"

"ဘာ မျိုးမြင့်ငါဟိုတစ်လောကပဲ နင့် ကိုငွေပို့ထားတာလေ အဲ့ငွေတွေအများကြီးကို နင်ဘယ်လိုများသုံးလိုက်လဲ"

"အမကလဲ အဲ့ငွေကသုံးလို့ကုန်တာကြာပြီ ဒီကြားထဲငါ့ဘာတာရှာပြီးသုံးတာတောင်မပါသေးဘူး၊လုပ်ပါအမကလဲ အမမှာမောင်လေးဆိုလို့ ဒီတစ်ယောက်ပဲရှိ
တာကိုပေးပါနော် ငါတကယ်လိုအပ်လို့ပါ"

"မျိုးမြင့်နင်တစ်ယောက်နဲ့လဲခက်ပါတယ် ခုငါ နင်ကိုခိုးပေးပေးနေတာတွေကို အိမ်ကလူတွေမသိဘူး၊သိရင်တော့မလွယ်ဘူးနော်။

"အမကလဲဒီအိမ်ရဲ့သူဌေးကတော်ပဲ ဒီလောက်တော့သုံးပိုင်ခွင့်ရှိပါတယ် ပြီးတော့ဒီလောက်ငွေလေးကိုအမအနေနဲ့ ပြောမပါ့လောက်ပါဘူး၊လုပ်ပါပေးပါအမ။
"ဒေါ်မြင့်မြင့်ဟန်သည်သူ့မောင်အကြောင်းသူပဲသိတယ် မပေးရင် ပြန်မယ့်ပုံမပေါ်သေး "

"အဲ့တာဆိုလဲခဏစောင့် ငါသွားယူလိုက်အုံးမယ်"

"ဒေါ်မြင့်မြင့်ဟန်တစ်ယောက် ပိုက်ဆံယူပြီး မျိုးမြင့်ကိုပေးလိုက်သည်။ မျိုးမြင့် ဒါ ငွေ (ဆယ်သိန်း)နော် ငါပေးနေတယ်ဆိုပြီး ရေလိုသုံးမနေနဲ့ ဂျောင်ကုသိသွားရင်လွယ်မှာမဟုတ်ဘူး ကြားလား။

"ငါပြောသလိုသေချာလုပ်နော် အလုပ်လုပ်တာပီရိပါစေ၊ကဲပြန်တော့တော်ကြာဂျောင်ကုပြန်လာတာနဲ့ဆုံနေအုံးမယ် သွားတော့သွား"

"ဟုတ်ပါပြီ သွားပါမယ် ဪ ဒါနဲ့ အမလုပ်ငန်းဘယ်တော့စရမလဲ"
"မြန်လေကောင်းလေပဲ ငါဖုန်းဆက်မယ် လုပ်ရမဲ့အချိန်ကို"
"Ok အဲ့ဆိုသွားပြီ ပြောပြီးမျိုးမြင့်တစ်ယောက်အိမ်ထဲကအထွက်ရှိသေး"

အတိတ်ရဲ့အဆက်Where stories live. Discover now