Unicode
"သားလေးတို့နိုးလာပြီလား မနက်စာလေးစားကျရအောင်။
"ဟုတ် မေမေ"ဂျီမင်းနဲ့ဂျောင်ကု မနက်စာစားနေကျ၏။
"မေမေ အစ်ကိုကြီးရော ရုံးသွားပြီလား အစ်ကိုဆော့ဂျင်ရော။
"အေး သွားပြီ သားဆော့ဂျင်ကတော့ဆေးရုံသွားတယ်။ သားတို့အေးဆေးစားကြအုံး မေမေကျန်တာလေးလုပ်လိုက်အုံးမယ်။
"ဟုတ် မေမေ" ကောင်လေးနှစ်ယောက်အတူဖြေလေ၏။
ဂျီမင်းတို့နှစ်ယောက်မနက်စာစားပြီးတော့ ပန်းခြံထဲမှာနှစ်ယောက်အတူလမ်းရှောက်ရင်းစကားပြောနေကျလေရဲ့။"ဂျွန် ဒီမှာလေ ဂျွန်အစ်ကိုယ့်အတွက် ဂျွန် ၀ယ်ပေးထားတဲ့ပန်းလေးတွေ ခုဆိုအတော်တောင်ကြီးလာပြီ။
"ဟုတ်တယ်နော် အစ်ကို ပန်းပွင့်လေးတွေလဲအများကြီးပွင့်နေတယ်။ဂျွန်ကလေ အစ်ကိုက နှင်းဆီအဖြူရောင်လေးတွေကြိုက်တယ်ဆိုလို့ ဂျွန်က၀ယ်ပေးထားတာ။"အစ်ကိုကြိုက်တယ်မလား ဂျွန် ၀ယ်ထားတဲ့ပန်းပင်လေးတွေ။
"အင်း ကြိုက်တယ် အရမ်းကြိုက်တယ်"
"ဘယ်သူ့ကိုလဲ အစ်ကို"
"ဒီပန်းတွေကိုလေ"
"ဂျွန့် ကိုကျတော့ရော""ဂျွန့်ကို မကြိုက်ဘူး ဒါပေမယ့် ဂျွန်ဂျောင်ကုဆိုတဲ့ကောင်လေးကိုတော့အရမ်းချစ်တယ်။
"အစ်ကိုက အဲ့လိုလား ဂျွန်ကတော့ အစ်ကိုဆိုတဲ့လူသားလေးရယ် ဂျီမင်းဆိုတဲ့ချစ်ဖို့ကောင်းတဲ့သူလေးရယ်နှစ်ယောက်စလုံးကို သိမ့်ချစ်ပြီး သိမ့်ကြိုက်တာ သိလား။ဂျောင်ကုလေး ပြောပြီးသူ့အစ်ကိုခါးသေးသေးလေးကို ကျစ်နေအောင်နောက်ကနေတိုင်းဖက်ထားလိုက်ပြီး။ ကောင်လေးရဲ့မေးစေ့လေးက ဂျီမင်းရဲ့ပုခုံးပေါ်လေးတင်ထားလိုက်သည်။ဂျီမင်းလဲသူ့ခါးပေါ်မှာကျရောက်လာတဲ့လက်တံရှည်သွယ်သွယ်လေးကိုသူ့လက်သေးသေးလေးနဲ့ပြန်လည်ဆုပ်ကိုင်ထားလိုက်သည်။
ကောင်လေးတို့ကိုယ်နှစ်ခုပူးကပ်ပြီးထိုပန်းခြံထဲမှာလေပြေအေးအေးလေးနဲ့အတူတူစကားပြောနေကျလေရဲ့။
ထိုပန်းခြံထဲကပန်းလေးတွေဟာလဲ ထိုကောင်လေးနှစ်ယောက်ကိုကြည်ဆည်နေသလို။ခုဆိုဂျောင်ကုလေး၀ယ်ပေးထားတဲ့နှင်းဆီဖြူပန်းတွေကလဲအဖူးအပွင့်များစွာနဲ့အရမ်းကိုလှပလိုနေ၏။
YOU ARE READING
အတိတ်ရဲ့အဆက်
RomanceUnicode နိဒါန်း ဒီနေ့ဟာ သာယာလှပတဲ့နေ့တစ်နေ့လေးမှာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးရှိတယ် ထိုမိသားစုနဲ့ အတူ တစ်ဖက်မှာလဲအပူမီးတွေနဲ့မိသားစုတစ်စုရှိတယ် ဒီမိသားစုလေးပျော်ရွှင်အေးချမ်းသလောက် ကျန်တဲ့မိသားစုကတော့အမြဲပူလောင်မှု စိတ်ညစ်မှုတွေနဲ့ ပြည့်နက်နေ...