Unicode
"ဂျွန်အိမ်တော်"
"တီ တီ တီ"
ခြံရှေ့ကကားဟွန်းသံကြားလို့ ဒေါ်ကေသာ သွားဖွင့်ပေးလိုက်သည်။ဟိုဆော့ ကားပေါ်ကနေဆင်းပြီးနောက်ခန်းထဲကထိုင်နေတဲ့ဂျောင်ကုကိုတံခါးဖွင့်ပေးလိုက်၏။
"လာ ဂျောင်ကုမင်းအိမ်ပြန်ရောက်ပြီလေ"
ဒေါ်လေး ဘယ်သူပါလာလဲကြည့်ပါအုံး။
"သား သားဂျွန်လေး ဘယ်တွေပျောက်နေတာလဲ
ဒေါ်လေးဖြစ်စိတ်တွေပူလိုက်ရတာ။သူ(မ)သည် ဂျောင်ကုလေးကိုတွေ့လို့၀မ်းသာအားရနဲ့ပြောလိုက်ပြီးအိမ်ထဲသို့ခေါ်လာခဲ့လေ၏။
"အရေးထဲမှာ ဒီသော့ကလဲဖွင့်မရဘူး အစ်ကို သော့ကိုဒီနားမှာထားတာသေချာပါတယ် ဘာလို့အဲ့ဒီသော့ကရှာလို့မတွေ့တာလဲ။ဒေါ်မြင့်မြင့်ဟန်တစ်ယောက် အံ့ဆွဲထဲကဖိုင်တွေယူဖို့ဇောနဲ့ ဟိုဆော့ရောက်နေမှန်းသတိမထားမိ။အသော်ကြောင့်တော့ အောက်ထပ်မှာ ဆူဆူညံညံကြားတာနဲ့ အောက်ထပ်ကိုဆင်းလာပြီးကြည့်လိုက်တော့ ဂျောင်ကုကိုတွေ့လိုက်ရသည်။
"ဟင် ဂျွန်ဂျောင်ကု ဒင်းကဘယ်လို့လုပ်ပြီးအိမ်ပြန်ရောက်နေတာလဲ လူကြည့်တော့လဲအကောင်းပဂတိအတိုင်း။နင်တော်တော်အသက်ပြင်းပါ့လား။
သူ(မ)တစ်ယောက်ထဲပြောနေခြင်း။ခဏနေတော့ ဂျောင်ကု Daddy လဲရောက်လာသည်။
"အစ်ကို သားဂျွန်လေးပြန်လာပြီ။
"အေး အဲ့တာကြောင့်ပြန်လာတာ"
"သား သားလေး ရှာလိုက်ရတာ သားဂျွန်ရယ် Daddy တို့ဖြစ်သားကိုစိတ်တွေပူနေတာ။ဟိုဆော့တို့ကသာပြောနေကျတာ ကောင်လေးကဘာစကားမှမပြောသေး။
ပြောလာတော့လဲ အစ်ကိုရော မေမေရောပဲမေးပြီးအစ်ကိုယ့်ဆီပို့ပေးပဲပြောနေလေသည်။
"သားနေကောင်းရဲ့လား သား Daddy လေမမှတ်မိဘူးလား။
ဂျောင်ကုလေးမှခေါင်းရမ်းပြလေ၏။
"ဟိုဆော့ သားကဘယ်လို့ဖြစ်တာလဲ အန်ကယ်တို့ကို မှတ်မိပုံမရဘူး အန်ကယ်အထင်။ဂျောင်ကုနဲ့ပတ်သတ်ပြီး တခုခုတော့ဖြစ်နေသည့်ပုံနဲ့ဟိုဆော့ကိုတချက်မျက်နှာအမူရာနဲ့ပြလိုက်သည်။
"အန်ကယ် ထင်သလို မဟုတ်လောက်ပါဘူး"
"ဂျောင်ကု အစ်ကိုပြောတာကိုသေချာနားထောင်နော်။
"ဒါဘယ်သူလဲ ဟိုဆော့မှ ဂျောင်ကု Daddy ကိုလက်ညိုးထိုးပြလိုက်၏။
ဂျောင်ကုလေးက မသိဘူးဆိုတဲ့အနေနဲ့ခေါင်းရမ်းပြသည်။
YOU ARE READING
အတိတ်ရဲ့အဆက်
RomanceUnicode နိဒါန်း ဒီနေ့ဟာ သာယာလှပတဲ့နေ့တစ်နေ့လေးမှာ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးရှိတယ် ထိုမိသားစုနဲ့ အတူ တစ်ဖက်မှာလဲအပူမီးတွေနဲ့မိသားစုတစ်စုရှိတယ် ဒီမိသားစုလေးပျော်ရွှင်အေးချမ်းသလောက် ကျန်တဲ့မိသားစုကတော့အမြဲပူလောင်မှု စိတ်ညစ်မှုတွေနဲ့ ပြည့်နက်နေ...